ရေကြည် အောက်တိုဘာ ၅
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ် ဘုရားငူကျေးရွာ (အ.ထ.က) (ခွဲ) အခြေခံပညာ အထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခြင်းဖြင့် ကျောင်းသား လူငယ်လေးများ စကားပြောစွမ်းရည်မြင့်မားလာစေရန်၊ လူထုပရိတ်သတ်ရှေ့မောက် ပြောဆို ဆွေးနွေးတက်စေရန်၊ တိုင်ပင် ဆွေးနွေးခြင်း အလေ့အထကောင်းများ ရရှိလာစေရန်၊ စာပေ လေ့လာဖတ်ရှု၍ ရရှိလာသည့်အသိပညာ ဗဟုသုတများကို ပြန်လည်မျှဝေတတ်စေရန်နှင့် ပူးပေါင်း ဆောင်ရွက်တတ်ခြင်း အလေ့အထကောင်းများ ရရှိစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦစီးဌာနနှင့် လူငယ်ရေးရာက ကော်မတီ အဖွဲ့ဝင်များက အောက်တိုဘာလ ၃ ရက်နေ့ မွန်းလွဲ(၁)နာရီအချိန်က အဆိုပါကျောင်းခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်လူငယ်ရေးရာကော်မတီဥက္ကဋ္ဌကိုယ်စား မြို့နယ်ပညာရေးမှူး ဆရာကြီး ဦးဆန်းဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရေကြည် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မိုးစီစီအောင်နှင့် ရေကြည်မြို့နယ် လူငယ်ရေးရာကော်မတီ အတွင်းရေးမှူး ဒေါ်နှင်းနှင်းအေးတို့က ဦးဆောင်ဆွေးနွေးကြပြီး မသိမ်သဥ္ဇာမြတ်က "လူငယ်နှင့် အားကစား" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မယမုံဇင်က "လူငယ်နှင့် စာရိတ္တ" ခေါင်းစဥ် ဖြင့်လည်းကောင်း၊ မနွေးနွေးငြိမ်းက "လူငယ်နှင့် ယဥ်ကျေးမှု" ခေါင်းစဥ်ဖြင့်လည်းကောင်း၊ မချစ်ချစ်ဦးက "လူငယ်နှင့် ရည်မှန်းချက်" ခေါင်းစဥ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြသည်။ ထို့နောက် အခမ်းအနားတက်ရောက်လာသူများမှ သိရှိလိုသည်များ အပြန်အလှန်မေးမြန်းဆွေးနွေးကြပြီး စကားဝိုင်း ဆွေးနွေးခြင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)