မော်လမြိုင်ကျွန်း အောက်တိုဘာ ၂ဝ
မော်လမြိုင်ကျွန်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပထမအကြိမ် မဲရုံမှူး၊ ဒုမဲရုံမှူး သင်တန်းကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ကုတင်(၅ဝ) အစည်းအဝေးခန်းမဆောင် ပုညဝိသုဒ္ဓိဓမ္မာရုံ တို့တွင်(၃)နေရာခွဲ၍ သင်တန်းပို့ချပေးသည်။
မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမြင့်ဆွေက ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ သင်တန်ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက် အတွင်းရေးမှူး ဦးစိုးမိုးနိုင်က သင်တန်းတွင်ပို့ချသွားမည့် ဘာသာရပ်များနှင့် ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်း များကို ရှင်းလင်းပြီး မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့၀င်များက သင်တန်းကို ဆက်လက် ပို့ချခဲ့ရာ သင်တန်းတွင် မဲရုံမှူး၊ မဲရုံအဖွဲ့၀င်များခန့်ထားခြင်း၊ မဲပေးခြင်း၊ မဲရေတွက်ခြင်း၊ မဲရလဒ်များ ထုတ်ပြန် ကြေညာခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုပြစ်ဒဏ်များနှင့် တရားမဲ့ပြုကျင့်မှုများ၊ ရွေးကောက်ပွဲဆိုင်ရာ ပုံစံဖြည့်သွင်းခြင်း၊ ပြုစုခြင်းနှင့်လုံခြုံရေး အိတ်များ ထုတ်ပိုးခြင်း၊ ကိုဗစ်-၁၉ကူးစက်ရောဂါ ကာကွယ်ရေးဆိုင်ရာ ကျန်းမာရေးလုပ်ငန်း တာ၀န်များ အကြောင်း သင်ကြားပို့ချ သွားမည်ဖြစ်သည်။
အဆိုပါသင်တန်းတွင် မဲရုံမှူး၊ ဒုမဲရုံးမှူး သင်တန်းသား၊ သင်တန်းသူ(၆၄၄) ဦးအား အောက်တိုဘာလ ၂၉ ရက်နေ့အထိ ပိုချသင်ကြားသွားမည် ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးမြင့်ဆွေ ထံမှ သိရသည်။
သီတာအောင်(ပြန်ဆက်)