ကြံခင်းမြို့နယ်တွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်

ကြံခင်း အောက်တိုဘာ ၄

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်နိုင်ရေးနှင့် အနာဂတ်လူငယ်များ အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်ပြီး လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက်(၉)နာရီအချိန်က (အ.ထ.က)ချင်းမြောင်ကျောင်း ပညာရတနာခန်းမတွင် ကျင်းပပြုလုပ်သည်။

ဟောပြောပွဲတွင်   အမှတ်(၃၂) အကြီးစားစက်ရုံမှူး ဦးဝင်းနိုင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ် ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်က လူငယ်များကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဟူသောဗလ(၅)တန် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် အသိပညာပေး ပြောကြားပြီး နောက် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးကျော်နိုင်ဝင်းက စားသုံးရန်မသင့်သော အစားအစာများနှင့် ပတ်သက်၍ ရှင်းလင်းဟောပြောခဲ့ကြ သည်။

ဆက်လက်ပြီး Book Club အဖွဲ့ဥက္ကဋ္ဌ ဦးအေးမြင့်အောင် (မိုးမြေသစ္စာ)က လူငယ်နှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးအား အကျယ်တဝင့် ရှင်းလင်းဟောပြော ပြီးနောက် ကျောင်းအုပ် ဆရာမကြီးအား "လရောင်မျှောသော မြစ်ကြောင်းများ" ရသစုံကဗျာစာအုပ်အား အမှတ်တရ လက်ဆောင်ပေးအပ်ပါသည်။ ယင်းနောက်  (အ.ထ.က) ချင်းမြောင်ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီးနောက်  ၊ကျောင်းသား/သူများ အသိပညာဗဟုသုတ တိုးပွားစေရန် နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲ ပြသထားရာ   ကျောင်းသား/သူများ စိတ်ပါဝင်စားစွာ ကြည့်ရှုကြကြောင်းနှင့် လူငယ်ရေးရာ ဟောပြောပွဲသို့ (အ.ထ.က) ချင်းမြောင်ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူ(၂၅၀)ဦး တက်ရောက်ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)