လယ်ဝေးမြို့နယ်၊ကံလှကျေးရွာ၊အခြေခံပညာ အထက်တန်းကျောင်းတွင် ပန်းခင်းစီမံချက်(၂) ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

လယ်ဝေး အောက်တိုဘာ ၄

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လယ်ဝေးမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ယမန်နေ့က အ.ထ.က (ကံလှ) တွင်၊ ပန်းခင်းစီမံချက်(၂)ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ယနေ့နံနက်ပိုင်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်၊ အဖွဲ့ဝင် ဗိုလ်မှူးရာဇာ၊ ဦးဝင်းအောင် နှင့် မြို့နယ်လဝက ဦးစီးမှူး ဦးခင်မောင်ထွေးတို့က ညောင်ပင်သာကျေးရွာ၊ ကံလှကျေးရွာ၊ ဝက်လက်ကျေးရွာတို့မှပြည်သူများ နှင့် အ.ထ.က (ကံလှ) မှကျောင်းသားကျောင်းသူ များ စုစုပေါင်း ၂၃၀ ဦး၏ နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ပေးအပ်ခဲ့ကြောင်း သိရသည်။

ဝေကြည်(ပြန်/ဆက်)