ဆင်ပေါင်ဝဲမြို့နယ် အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက သက်ကြီးအဘိုးအဘွားများကို ထောက်ပံ့ပစ္စည်းများ ထောက်ပံ့ပေးအပ်

ဆင်ပေါင်ဝဲ အောက်တိုဘာ ၃

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက အမှတ်(၃)ရပ်ကွက် (သာယာမိုးကွက်သစ်)ရှိ သက်ကြီးအဘိုးအဘွားများကို ယနေ့နံနက် ၁၀ နာရီ အချိန်က ပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်နီဟွေဆုန်နှင့် အဖွဲ့များက အမှတ် (၃)ရပ်ကွက်(သာယာမိုးကွက်သစ်)ရှိ အဘိုးအဘွား(၁၀)ဦးအား ကြက်ဥ၊ ဆီ၊ ကွေကာအုပ်များကို  ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)