သဲကုန်းမြို့တွင် ဌာဆိုင်ရာများက စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ကျေးရွာများဖွံ့ဖြိုးတိုးတက်ရေးဟော​​​ပြောပွဲဆောင်ရွက်

သဲကုန်း အောက်တိုဘာ ၄

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ကုန်ထုတ်လုပ်မှုတိုးတက်မြင့်မားလာစေရေးအတွက် ဒေသခံပြည်သူများနှင့်တွေ့ဆုံကာ အသိပညာပေးဆွေးနွေးပွဲကို သက်ဆိုင်ရာဌာနများပူးပေါင်း၍ ယမန်​နေ့က အုတ်ဖိုအုပ်စု၊​ နှောကုန်းကျေးရွာဓမ္မာရုံအတွင်း၌ အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အ​ထွေထွေမြို့နယ်အုပ်ချုပ်ရေးဦးစီးဌာန ဒုတိယ​မြို့နယ်အုပ်ချုပ်​​ရေးမှူးဦး​စော​ပြည့်စုံ​ကဒေသတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးများ ဖွံ့ဖြိုးတိုးတက်စေရေးလိုအပ်သည်များအား ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်စည်ထုတ်လုပ်မှုတိုးတက်မြင့်မားရေး အသိပညာပေးသွားရောက်ဆွေးနွေးလျက်ရှိရာ မိမိဒေသဖွံ့ဖြိုးတိုးတက်စေရေးအတွက် လိုအပ်သည်များကို ဆွေးနွေးစေလိုကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ သက်ဆိုင်ရာဌာနများက မိမိတို့ကဏ္ဍအလိုက်ဆွေးနွေးခဲ့ရာ အမျိုးသားမှတ်ပုံတင်ဥပဒေ အသိပညာပေးခြင်း၊ မီး​​ဘေးအန္တရာယ်ကာကွယ်ရေးလုပ်ငန်းများ၊ လယ်ယာမြေလုပ်ကိုင်ခွင့်ပြု လက်မှတ်ပုံစံ(၇)အမည် ပြောင်းလဲလျှောက်ထားခြင်း၊ စိုက်ပျိုး​ရေးဦးစီးဌာနမှ စိုက်ပျိုးနည်းစနစ်များမှန်ကန်​စေ​ရေး၊ စိုက်ပျိုးသီးနှံများ​အောင်မြင်ဖြစ်ထွန်းစေရေး၊ ဆည်မြောင်းဌာနမှ ရေပေးဝေမှုအခြေအနေများ၊  စားသုံးသူကာကွယ်ရေး၏ ဥပဒေနှင့်စာသုံးသူများအခွင့်အရေးစသည်တို့အား အသီးသီးအသိပညာဆွေးနွေး ဟောပြောခဲ့ကြသည်။

ထို့နောက် ဒေသခံတောင်သူများက သိရှိလိုသည်များနှင့် လိုအပ်ချက်များကို ဆွေးနွေးတင်ပြခဲ့ရာ သက်ဆိုင်ရာဌာနများမှတာဝန်ရှိသူများက ပြန်လည်ဆွေးနွေးညှိနှိုင်းဆောင်ရွက်ပေးခဲ့​​ပြီး တောင်သူ ၅၇ ဦးတက်ခဲ့ကြောင်းသိရသည်။

ကိုကျော်(ပြန်/ဆက်)