ကျွန်းစု အောက်တိုဘာ ၃
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် (၂)နှစ်အောက်ကလေးများနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနရုံးတွင် လစဉ်ပုံမှန်ကာကွယ်ဆေးထိုးနှံပေးလျက်ရှိသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံရာတွင် ကျန်းမာရေးဝန်ထမ်းများက ကျွန်းစုမြို့ပေါ်ရှိ (၂)နှစ်အောက်ကလေးများကို ပုံမှန်ကာကွယ်ဆေးများဖြစ်သော ဘီစီဂျီ၊ ပိုလီယိုအကြောသေ၊ ဝက်သက်-ဂျိုက်သိုး၊ ဆုံစို့နာ၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)ပိုး၊ ဦးနှောက်အမြှေးရောင်၊ (၅)မျိုးစပ်ကာကွယ်ဆေး၊ ပြင်းထန်အဆုပ်ရောင်(ပီစီဗီ)တို့ကို ထိုးနှံပေးလျက်ရှိရာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောမဖြစ် စေရန် (Rota) ကာကွယ်ဆေးရည် တိုက်ကျွေးခြင်း၊ ပေါင်ချိန်ပေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်ကာကွယ်ဆေး ထိုးနှံပေးခြင်းတို့ကို ထိုးနှံပေးလျက်ရှိပြီး လစဉ်လဆန်း(၃)ရက်နေ့တို့တွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
စိုးစိုးသွယ်(ကျွန်းစု)