စာပေချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့နှင့် စာဖတ်ပရိသတ်တို့ ပူးပေါင်း၍ ဘုတ်ပြင်းမြို့၌ စာဖတ်ဝိုင်းပြုလုပ်

ဘုတ်ပြင်း အောက်တိုဘာ ၃

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ စာပေချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့နှင့် စာဖတ်ပရိသတ်တို့ ပူးပေါင်း၍ ယနေ့နံနက် (၁၀)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာ မောင်ခင်မင်(ဓနုဖြူ) ရေးသားသည့် အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။

စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဖြူဖြူသိန်းက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့သည်။ ၎င်းနောက် Book Club အဖွဲ့ဝင် ဒေါ်ခင်သန်းဆင့်က “စိန်ခေါ်ကြစေချင်သည်” ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးပြီး Book Club အဖွဲ့ဝင် ဒေါ်နွယ်နီဦးက “ဆွေမျိုးမတော်စပ်သောဆွေမျိုး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Book Club အဖွဲ့ဝင်မအေးစန္ဒာက “နောက်တစ်ချက်ထပ်ရိုက်ပါ” ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည့် အသင်းဝင်များနှင့်စာဖတ်ပရိသတ်များက ဆွေးနွေးသုံးသပ်မှုအပေါ် မိမိတို့၏အတွေး အမြင်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

မြို့နယ်(ပြန်/ဆက်)