ဘုတ်ပြင်းမြို့တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် နိုင်ငံရေးပါတီများတွေ့ဆုံ

ဘုတ်ပြင်း အောက်တိုဘာ  ၃

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် နိုင်ငံရေးပါတီများတွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်ပုလဲရွှေရည်ခန်းမတွင် ပြုလုပ်ခဲ့သည်။

တွေ့ဆုံဆွေးနွေးပွဲတွင် မြို့နယ်ရွေးကောက်ပွဲအရာရှိ ဦးမျိုးသန့်က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ လမ်းညွှန်ချက်အတိုင်း လိုက်နာဆောင်ရွက်နေသော လုပ်ငန်းစဉ်များဖြစ်သည့် နိုင်ငံရေးပါတီအင်အားများစိစစ်ခြင်းလုပ်ငန်းနှင့် နိုင်ငံရေးပါတီရုံးခန်းများဖွင့်လှစ်ခြင်း၊ တွေ့ဆုံဆွေးနွေးခြင်းကိစ္စရပ်များ၊ ပါတီဆိုင်းဘုတ်များစိုက်ထူခြင်းကိစ္စရပ်များ၊ နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပူးပေါင်းဆောင်ရွက်နိုင်ရေး ဆွေးနွေးပြောကြားသည်။

ယင်းနောက် တက်ရောက်လာကြသည့် နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများက ပါတီနှင့်ပတ်သက်သည်များ ဆွေးနွေးတင်ပြကြရာ မြို့နယ်ရွေးကောက်ပွဲအရာရှိက ပြန်လည်ဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးပွဲသို့ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ၊ နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ  တက်ရောက်ခဲ့ကြကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)