ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် အစိုးရစက်မှုလက်မှုသိပ္ပံ(ဟားခါး)တွင် ကျင်းပပြုလုပ်သည့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၏ နှစ်ပတ်လည်အခမ်းအနားသို့ တက်ရောက်

ဟားခါး          အောက်တိုဘာ           ၃

အစိုးရစက်မှုလက်မှုသိပ္ပံ(ဟားခါး)တွင် အောက်တိုဘာလ ၂ ရက်နေ့ မွန်းလွဲ ၂ နာရီက သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၏ နှစ်ပတ်လည်အခမ်းအနားကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ချင်းပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်  ဦးနေစိုး ၊  ပြည်နယ်အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ ၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်မိုးဟိန်း၊ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဟိန်းထက်အောင်၊ အစိုးရစက်မျုလက်မှုသိပ္ပံ(ဟားခါး) ကျောင်းအုပ်ကြီး နှင့် ကျောင်းသား၊ ကျောင်းသူများတက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ချင်းပြည်နယ်သည်ဒေသ ဖွံ့ဖြိုးတိုးတက်မှုအားအနည်းဆုံးပြည်နယ်ဖြစ်ပြီး အဆိုပါဖွံ့ဖြိုးတိုးတက်မှုအားနည်းမှုကိုကုစားနိုင် ရေးအတွက် အဓိကလိုအပ်ချက်မှာ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး ဖြစ်ကြောင်း၊ ထိုသို့ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ရေးအတွက် ဟားခါးမြို့ရှိ အစိုးရစက်မှုလက်မှုသင်တန်းကျောင်းသည် အရေးပါသည့် အခန်းကဏ္ဍတွင်ပါဝင် လျက်ရှိကြောင်း၊ ထို့ကြောင့် ကျောင်းအုပ်ကြီးအပါအဝင်၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ ၏ လိုအပ်ချက်များကို ပြည်နယ်အစိုးရအဖွဲ့မှ အနီးကပ် လက်တွဲညှိနှိုင်းဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့် အောင်မြင်မှုလည်းရရှိခဲ့ပါကြောင်း၊ အထူးသဖြင့် ဒီနှစ်မှစတင်ဖွင့်လှစ်သည့် စက်မှုစိုက်ပျိုး မွေးမြူးရေးအထက်တန်းကျောင်းကို ဟားခါးမြို့နှင့် ပလက်ဝမြို့များတွင် အောင်မြင်စွာဖွင့်လှစ်ခဲ့ကြောင်း၊ ဒီထက်မက သင်တန်းများ ဖွင့်လှစ်နိုင်ရေးကိုလည်း ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းဖြင့် အမှာစကား ပြောကြားသည်။

ထို့နောက် အစိုးရစက်မှုလက်မှုသိပ္ပံ (ဟားခါး) ကျောင်းမှ ကျောင်းအုပ်ကြီး ဒေါ်ခင်သူသူထွန်းမှ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအကြောင်းကို ရှင်းလင်းတင်ပြပြီး ဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက် ချက်များကို Video Clip ဖြင့်ပြသ၍ စုပေါင်းအမှတ်တရ ဓာတ်ပုံရိုက်ကူးကြကာ ပြည်နယ်ဝန်ကြီးချုပ် က ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအား ရင်းရင်းနှီးနှီး အားပေးစကား  ပြောကြား ပြီး အစိုးရစက်မှုလက်မှုကျောင်း စာကြည့်တိုက်အား လှည့်လည်ကြည့်ရှုအားပေးသည်။

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနသည် နိုင်ငံတော်နှင့် အမျိုးသားအကျိုးစီးပွားဖွံ့ဖြိုးအတွက် သိပ္ပံနှင့်နည်းပညာကဏ္ဍ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်  လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက် ရေးတို့အတွက် ၁၉၉၆ ခုနှစ် ၊ အောက်တိုဘာ ၂ ရက်နေ့တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုး အထိ ပညာရေးဝန်ကြီးဌာနနှင့် ပေါင်းစည်းခဲ့ပြီး ၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၇ ရက်နေ့တွင်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ် ၁၃၈/ ၂၀၂၁ ဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)