လေးမျက်နှာ အောက်တိုဘာ ၃
ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ယမန်နေ့ နံက် ၁၀ နာရီက တက်ကုန်းအုပ်စု၊ သာယာကုန်းကျေးရွာတွင် အယ်နီညို ဖြစ်စဥ်နှင့် ပတ်သက်၍ မွေးမြူရေးကဏ္ဍမှ တိရစ္ဆာန်များ ကြိုတင်ကာကွယ် ပြင်ဆင်ထားနိုင်ရေးအတွက် ပညာပေးဟောပြောဆောင်ရွက်ခဲ့သည်။
ထို့နောက် ရက်သတ္တပတ် လှုပ်ရှားမှုအဖြစ် ကျေးရွာအတွင်းရှိ တောင်သူများ၏ နွားများအား ပေါင်ပုပ်လက်ပုပ် ရောဂါနှင့် ဒေါင့်သန်းရောဂါ ကာကွယ်ဆေးများကို အခမဲ့ထိုးနှံပေးခဲ့ကြောင်း သိရသည်။
တင်ရွှေ ပြန်/ဆက်