စလင်းမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန် ပေးအပ်ပွဲကျင်းပ

စလင်း အောက်တိုဘာ၂၀

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦး စီးဌာနရှိ ပတ္တမြားခန်းမ၌ ယမန်နေ့နံနက် ၉ နာရီအချိန်က ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ဒေသန္တရ စီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌ ဦးဟိန်းဆက်က အဖွင့်အမှာ စကား ပြောကြားရာတွင် ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်တွင် ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများအား ရှင်းလင်းခဲ့ပြီး ဒေသန္တရ စီမံကိန်း ရည်မှန်းချက် တာဝန်များကို လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံကိန်းရေးဆွဲရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံကိန်း ရေးဆွဲရေးကော်မတီအတွင်းရေးမှူး ဒေါ်ခိုင်မာထွန်းနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မြို့နယ် ရဲတပ်ဖွဲ့ မှူးရဲမှူးသန်းဝင်းတို့က ၂၀၂၀-၂၀၂၁ စီမံကိန်း ရေးဆွဲရေးအဖွဲ့မှ စီမံကိန်းလုပ်ငန်းတာဝန်များကို ပေးအပ်ရာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး၊ မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှူး၊ မြို့နယ်လမ်းဦးစီးဌာနမှူး၊ မြို့နယ် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှူး၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ၊ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူး၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးမှူး၊ မြို့နယ် စည်ပင်သာယာရေးအမှုဆောင်အရာရှိ၊ မြို့နယ်ပညာရေးမှူး၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး၊ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချရေမှု စီမံခန့်ခွဲရေးဦးစီးမှူး၊ မြို့နယ် မီးသတ်ဦးစီးမှူးနှင့် မြို့နယ်သစ်တောဦးစီး ဌာနမှူးတို့က လက်ခံရယူခဲ့ကြပြီး မြို့နယ်စီမံကိန်း ရေးဆွဲအကောင် အထည်ဖော်ရေးကော်မတီ ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရှိရသည်။         

မောင်လွင်(ပြန်/ဆက်)