ပခုက္ကူမြို့၌ (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ

ပခုက္ကူ အောက်တိုဘာ ၁

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ၁ရက်နေ့တွင် ကျရောက်သည့် (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် အခမ်းအနားကို မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ ခရိုင်ရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေးခန်းမ၌ ယနေ့နံနက်၉နာရီက ကျင်းပသည်။

အခမ်းအနားတွင် ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး(၁)၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင် ပေးပို့သည့် (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ သဝဏ်လွှာကို ပခုက္ကူခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဇေယျာလင်းအောင်က ဖတ်ကြားသည်။

ဆက်လက်၍ နယ်မြေလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကိစ္စများတွင် ရဲတပ်ဖွဲ့နှင့်အတူ စွမ်းစွမ်းတမံ ပူးပေါင်းဆောင်ရွက်ခဲ့သော ပြည်သူများနှင့် နေအိမ်လိုင်းခန်း သန့်ရှင်းသပ်ရပ်မှု ဆုရရှိသူများအား တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)