မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်ကိုကို ပခုက္ကူမြို့နယ်တွင် စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူနေမှုအား ကွင်းဆင်းကြည့်ရှု

ပခုက္ကူ အောက်တိုဘာ ၁

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်ကိုကိုသည် ပခုက္ကူမြို့နယ်တွင် စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူနေမှုအခြေအနေအား ယနေ့နံနက် ၉ နာရီအချိန်က  ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်ကိုကိုသည် ပခုက္ကူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးအောင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်ကြည်ကြည်ချို၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးမိုး၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးအောင်မျိုးသူ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦး စီးမှူး ဦးမောင်မောင်ကြည်တို့နှင့်အတူ အောက်တိုဘာလ ၁ ရက်၊ နံနက် ၉ နာရီက ပခုက္ကူမြို့၊ အမှတ်(၁)ရပ်ကွက်အတွင်းရှိ အိမ်ထောင်စုနှင့်လူဦးရေစာရင်း စမ်းသပ်သန်းခေါင်းစာရင်း ကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှု စစ်ဆေးကြပြီး  မြို့နယ်အတွင်းရှိ အိမ်ထောင်စုနှင့်လူဦးရေစာရင်းများအတိုင်း တိကျမှန်ကန်စွာရရှိရေး၊ စမ်းသပ်သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးနှင့် သတ်မှတ်ကာလအတွင်း အမြန်ဆုံးပြီးစီးအောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး လမ်းညွှန်မှာကြားကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ဘာမီသာ(ပခုက္ကူ)