ကံမမြို့နယ်၌ ကိုယ်တိုင် စိုက်ပျိုးမွေးမြူရေး ထုတ်လုပ်ရောင်းဝယ်သူများမှ တန်ဖိုးသင့်တိုက်ရိုက် အရောင်းဆိုင် ဖွင့်လှစ်ရောင်းချ

ကံမ အောက်တိုဘာ ၁

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ကံမမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်၍ ပြည်သူများ စားဝတ်နေရေး အဆင်ပြေစေရန်အတွက် ကိုယ်တိုင် စိုက်ပျိုးမွေးမြူရေး ထုတ်လုပ်ရောင်းဝယ်သူများမှ တန်ဖိုးသင့် တိုက်ရိုက်အရောင်းဆိုင်ကို ယနေ့နံနက် (၆) နာရီခွဲက အမှတ်(၂)ရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရှံးရှေ့ မြေကွက်လပ်၌ ဈေးနှုန်းများဖြင့် ဖွင့်လှစ်ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဖွင့်လှစ်ရောင်းချရာတွင် အသား/ငါး (၁၀) ဆိုင်၊ ဟင်းသီးဟင်းရွက်(၉)ဆိုင်၊ ကုန်စိမ်း(၂) ဆိုင်၊ ဆန်ဆိုင်(၁)ဆိုင်၊  ကုန်ခြောက်(၂)ဆိုင်တို့မှ  အမဲသား(၁) ပိဿာလျှင်(၁၃၀၀ဝ)ကျပ်၊ ဝက်သား(၁) ပိဿာလျှင်(၁၃၀၀ဝ)ကျပ်၊    ကြက်သား (၁)ပိဿာလျှင် (၁၂ဝဝဝ) ကျပ်၊ ဆန်(၁)ပြည်လျှင် (၃၀၀၀)ကျပ်၊ ကြက်သွန်နီ (၁)ပိဿာလျှင်(၃၀၀၀)ကျပ်၊ အာလူး(၁)ပိဿာလျှင် (၂၂၀၀)ကျပ်၊  ကြက်ဥ (၁)လုံး (၂၆၀) ကျပ်၊ ငါးကြင်း(သေး) (၁) ပိသာလျှင် (၇၀၀ဝ)ကျပ်၊ ငါးကြင်း(ကြီး)   (၁) ပိဿာလျှင်  (၁၂၀၀၀)ကျပ်နှုန်းတို့ဖြင့် ဈေးနှုန်းချိုသာစွာ အသီးသီးရောင်းချပေးခဲ့ကြပြီး ထို့အပြင်  ပြည်သူတစ်ဦးလျှင် စားအုန်းဆီ တစ်ပိဿာ (၅၁၀၀)ကျပ်နှုန်းဖြင့် ကာလပေါက်ဈေးထက် သက်သာစွာ ရောင်းချပေးခဲ့သည်။ အဆိုပါဖွင့်လှစ် ရောင်းချရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္က ဦးအုန်းဌေးနှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ကျော်ဇေယျဝင်း(ကံမ)