ထီးလင်းမြို့၌ လုံခြုံရေးတာဝန်ထမ်းဆောင်မည့် အထူးရဲသင်တန်းသားများအား RDT Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါပိုးရှိ မရှိစစ်ဆေး

ထီးလင်း အောက်တိုဘာ ၂၀

ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ ၈ရက်နေ့၌ ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အတွက် မဲရုံများတွင် လုံခြုံရေးတာဝန်ထမ်း ဆောင်မည့် အထူးရဲသင်တန်းသားများအား RDT Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါပိုးရှိ မရှိ စစ်ဆေးခြင်းကို အောက်တိုဘာလ ၁၈ ရက်နေ့က သင်တန်းဖွင့်လှစ်သည့် အခြေခံပညာ အထက်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ တင်သူ ဇာ အောင်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှတာဝန်ရှိ ပုဂိ္ဂုလ်များ ပူးပေါင်း ဆောင် ရွက်ပြီး အထူးရဲသင်တန်း တက်ရောက်လျက်ရှိသည့် သင်တန်းသား(၅၂) ဦးနှင့် နည်းပြ  (၈) ဦး စုစုပေါင်း (၆၀)  ဦးတို့အား RDT Tesk Kit ဖြင့်စစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ ရှိခြင်း မရှိကြောင်း All Negativeအဖြေရရှိကြောင်းသိရသည်။

အဆိုပါ သင်တန်းကို အောက်တိုဘာလ ၁ ရက်မှ ၂၈ ရက်အထိ ရက်သတ္တပတ်လေးပတ်ကြာ ဖွင့်လှစ်မည်ဖြစ်ကြောင်း ထီးလင်းမြို့နယ် မြို့နယ်ရဲတပ်မှူးရုံးမှ သိရသည်။

လွင်မာကြိုင်