ဖြူး အောက်တိုဘာ ၁
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ဖြူးမြို့နယ်၌ (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကို ယနေ့နံနက်(၉)နာရီက စည်ပင်သာယာခန်းမတွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောမင်းသူက အဖွင့်မိန့်ခွန်း ပြောကြား သည်။ ဆက်လက်၍ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး ထိုက်လင်းက (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် ရဲချုပ်၏သဝဏ်လွှာအား ဖတ်ကြားပြီး ဖြူးမြို့မရဲစခန်းမှူး၊ ဒုတိယရဲမှူး အောင်လင်းက ရဲတပ်ဖွဲ့နေ့ဖြစ်ပေါ်လာပုံအကြောင်းကို ပြောကြားသည်။
၎င်းနောက် ဂုဏ်ပြုဆုများချီးမြှင့်ရာ တိုက်ပွဲထူးချွန်ဆုနှင့်လုပ်ငန်းပိုင်းဆိုင်ရာ စွမ်းဆောင်ရည် အကောင်းဆုံးဆု၊ မြို့နယ်အဆင့်နေအိမ်လိုင်းခန်းဆု၊ လက်နက်ငယ်အမျိုးသား/အမျိုးသမီး စစ်ရေးပြဆု၊ ရဲစခန်းအဆင့်နေအိမ်လိုင်းခန်းဆု၊ ဘက်စုံလုပ်ငန်းအထူးဆု ရရှိသည့် ရဲတပ်ဖွဲ့ဝင်များနှင့်မိသားစုဝင်များကို လည်းကောင်း၊ မြို့နယ်ရဲမှုထမ်းဟောင်းအသင်းနှင့် ဖြူးမြို့မရှင်ရေးကူညီမှုအသင်းတို့အတွက် ထောက်ပံ့ငွေများကိုလည်းကောင်း တက်ရောက်လာကြသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်ဇနီး၊ ဖြူးမြို့မရဲစခန်းမှူးနှင့်ဇနီးတို့က ပေးအပ်ပေးခဲ့ကြောင်း သိရသည်။
နေမျိုးလွင် (ပြန်/ဆက်)