၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်မည့် ရပ်/ ကျေး ကော်မရှင်အဖွဲ့ခွဲမှ မဲရုံမှူး၊ ဒုတိယမဲရုံမှူး များအား သင်တန်းပို့ချ

ပန်းတနော်   အောက်တိုဘာ ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲရုံများ၌ တာဝန်ထမ်းဆောင်မည့် ရပ်/ ကျေး ကော်မရှင်အဖွဲ့ခွဲမှ မဲရုံမှူး၊ ဒုတိယမဲရုံမှူးများအား သင်တန်းပို့ချခြင်းကို ယနေ့ နံနက် ၁၀ နာရီက အရှေ့ပိုင်းရပ်ကွက် အ.ထ.က(၂)ကျောင်းတွင် ပြုလုပ်ခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးထွန်းအောင်က ပြည်သူများ ဆန္ဒမဲပေးရာတွင် စနစ်တကျ မဲပေးနိုင်ရေး၊ ဆန္ဒမဲပေးရာတွင် လွပ်လပ်ရမည်၊ တရားမျှတမှုရှိရမည်၊ ပွင့်လင်းမြင်သာမှုရှိရမည်၊ အများယုံကြည်လက်ခံမှုရှိရမည်၊ ပြည်သူ့ဆန္ဒနှင့် တစ်ထပ်တည်ကျရမည် စသည့်အကြောင်းအရာများကို ပြောကြားခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်ခင်သန္တာမြင့်က ရွေးကောက်ပွဲဆိုင်ရာ ရုံးလုပ်ငန်းအကြောင်းအရာများကို ရှင်းလင်းဆွေးနွေးခဲ့သည်။

အဆိုပါသင်တန်းတွင် ရပ်/ ကျေး ကော်မရှင်အဖွဲ့ခွဲမှ မဲရုံမှူး၊ဒုမဲရုံမှူးသင်တန်းသား စုစုပေါင်း ၅၈ ဦးတက်ရောက်ပြီး သင်တန်းကာလမှာ ၂ ရက်ကြာသင်ကြား ပို့ချမည် ဖြစ်ကြောင်း သိရသည်။

ပန်းတနော်မြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ် ထုတ်ပြန်ကြေညာထားသည့် စာရင်းအရ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၁၉၄၉၁၄ ဦးရှိပြီး ယာထားမဲရုံပေါင်း ၂၁၇ ရုံရှိကြောင်း သိရသည်။

ပြည့်ဖြိုးကျော်(ပန်းတနော်)