နတ်မောက်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအထောက်အကူပြု လုပ်ငန်းများအတွက် ပခုက္ကူခရိုင် စေတနာရှင် အလှူရှင်များက လာရောက်လှူဒါန်း

နတ်မောက်   အောက်တိုဘာ   ၂၀

မကွေးတိုင်းဒေသကြီး  နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ရေးအထောက်အကူပြု လုပ်ငန်းများအတွက် အသုံးပြုရန် ပစ္စည်များကို ပခုက္ကူခရိုင် စေတနာရှင် အလှူရှင်က ယမန်နေ့ နံနက် (၁၁) နာရီအချိန်ခန့်က နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန ရုံးခန်းမတွင် လာရောက်လှူဒါန်းခဲ့သည်။

ပခုက္ကူမြို့နှင့် ရေစကြိုမြို့တို့မှအလှူရှင်များ၊  လူမှုရေးအသင်းအဖွဲ့များက လှူဒါန်းသော  ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက်အကူပြုလုပ်ငန်းများတွင် လိုအပ်သည်များ အသုံးပြုနိုင်ရန် အတွက် နတ်မောက် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီသို့ အလှူငွေကျပ် (၁၅၀၀၀ဝိ/-)ကျပ်၊ နတ်မောက်ကွန်ရက်ပရဟိတလူမှုအကျိုးပြုအသင်းသို့ စားနပ် ရိက္ခာနှင့် လိုအပ်သည်များ အသုံးပြုနိုင်ရန်အတွက် အလှူငွေ (၃၅၀၀၀ဝိ/)ကျပ်၊   သုံးလွှာ Mask  (၃၈၅) ဘူး၊ 95 Mask  (၂၀)ဘူး၊ လက်ဆေးဆပ်ပြာ (၂)ဘူး၊ ကိုဗစ်-၁၉ အသိပညာပေး လက်ကမ်းစာစောင် (၅၀၀)နှင့်ဗီနိုင်း (၁၀)ချပ်၊ PPE ဝတ်စုံ (၂၅)စုံ၊ Handgel (၁၇)ဘူး၊  အရက်ပြန် ( ၁၀) ဘူး၊ ဓါတ်ဆား (၂၀၀)ထုပ်စသည့်လှူဒါန်းပစ္စည်းများကို ပခုက္ကူခရိုင်မှ စေတနာရှင် အလှူရှင်က ကိုယ်စား ပခုက္ကခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဇော်ဌေးအောင်ဇနီး ဒေါ်ခိုင်ခိုင်ညွှန့်တို့က  နတ်မောက်ကွန်ရက်ပရဟိတ လူမှုအကျိုး ပြုအသင်း ထံသို့ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

မူမူစန်း (နတ်မောက်)