ထီးလင်း၌ ရပ်ကွက်/ကျေးရွာ အုပ်စု မဲရုံမှူး၊ ဒု-မဲရုံမှူးနှင့် အဖွဲ့ဝင်များအား အသိပညာပေး ဆင့်ပွားသင်တန်း ဖွင့်လှစ်

ထီးလင်း အောက်တိုဘာ ၂၀

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင ်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံမှူး၊ ဒု-မဲရုံမှူးနှင့်မဲရုံအဖွဲ့ဝင်များအား အသိပညာပေး ဆင့်ပွား သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီတွင် ဂန့်ဂေါခရိုင် ထီးလင်းမြို့ အခြေခံပညာ အထက်တန်းကျောင်း အောင်သပြေခန်းမ၌ ပြုလုပ်သည်။

သင်တန်းဖွင့်ပွဲတွင် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းသိဒ္ဓိနှင့်ဌာနဆိုင်ရာများ၊ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ (အဖွဲ့ဝင်) များ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြပြီး ထီးလင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကျော်သန်းနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့က အမှာစကားများ ပြောကြားကြသည်။

သင်တန်းတွင် ရွေးကောက်ပွဲနှင့်မဲရုံဆိုင်ရာကိစ္စရပ်များ၊ ရွေးကောက်ပွဲနေ့ ပြင်ဆင်မှုနှင့် ရွေးကောက်ပွဲ လုံခြုံရေး၊ မဲရုံပိတ်ခြင်းနှင့် မဲရေတွက်ခြင်း၊ မဲရုံမှူး၊ ဒု-မဲရုံမှူး လုပ်ငန်းတာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ ဆန္ဒမဲပေးခြင်းနှင့်ထုပ်ပိုးခြင်းဆိုင်ရာ သရုပ်ပြသခြင်း၊ ပုံစံ(၁၆)နှင့်စာရင်း ဇယား ပုံစံများ ဖြည့်သွင်းခြင်း စသည့်အကြောင်းအရာများကို သင်တန်းနည်းပြဆရာ(၄)ဦး တို့က စာတွေ့ လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းတွင် ရပ်ကွက်/ကျေးရွာအုပ်စု (၈)အုပ်စုခွဲ၍ သင်တန်းသား သင်တန်းသူ ၁၀၄၆ ဦး တက်ရောက်ကြကာ သင်တန်းကာလမှာ အောက်တိုဘာလ ၁၉ ရက်နေ့မှ       ၂၇ ရက်နေ့ အထိ ဖွင့်လှစ် ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်စည်(ပြန်/ဆက်)