ကန်ကြီးထောင့်မြို့နယ်တွင်  ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ညှိနှိုင်းအစည်းအ‌ဝေး ကျင်းပ

ကန်ကြီးထောင့်    စက်တင်ဘာ ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ညှိနှိုင်းအစည်းအ‌ဝေးကို  ယမန်နေ့ နေ့လည် ၁နာရီအချိန်က မြို့နယ်ဧရာသီရိခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမြင့်‌အောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ် ရဲတပ်ဖွဲ့မှုး ရဲမှူး စိုးကြည်က မှုခင်းကျဆင်းရေး၊ ယာဉ်အန္တရယ်/လမ်းအန္တရာယ် သတိပြု ဆောင်ရွက်နိုင်ရေးကို‌ ဆွေးနွေး ပြောကြားခဲ့သည်။ ထို့‌နောက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်‌ဆွေက ဇီဝဆိုင်ရာအချက်အလက်နှင့်လူဦးရေအချက်အလက် ကိန်းဂဏန်းများ တိကျမှန်ကန်မှု ရှိစေရေးအတွက် ကွင်းဆင်းဆောင်ရွက်ရာတွင်  ပူးပေါင်းပါဝင်ကူညီပေးနိုင်ရေးကို ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးလှိုင်ဝင်းဟန်က ပလတ်စတစ်မသုံးစွဲရေး စစ်ဆေးမှုအတွက် ပါဝင်‌ဆောင်ရွက်ရန်၊ ဒေသတွင်း သန့်ရှင်းသာယာလှပစရန် စသည်များကို ဆွေးနွေးပြောကြခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမြင့်အောင်က လိုအပ်သည်များကို ဆက်လက် လမ်းညွှန်ဆွေးနွေးခဲ့သည်။ အဆိုပါ အစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကျော်ဇင်စိုး (ပြန်/ဆက်)