တနင်္သာရီ စက်တင်ဘာ ၂၉
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့ပေါ်ရှိ ဓမ္မရိပ်သာများနှင့်ဘုန်းတော်ကြီးကျောင်းများအတွင်း ၁၃၈၅ခုနှစ်၊တော်သလင်းလပြည့်နေ့ (ဂုရုဓမ္မအခါတော်နေ့) စက်တင်ဘာလ ၂၉ ရက်နေ့တွင် ဗုဒ္ဓဘာသာဝင်များက ဥပုသ်သီလဆောက်တည်၍ တရားဓမ္မနာကြားခြင်း၊ ဝါဆိုသင်္ကန်းလှူဒါန်းခြင်း ဥပုသ်ဆွမ်းလှူဒါန်းခြင်းဖြင့် ကောင်းမှုကုသိုလ်များပြုလုပ်လျက်ရှိသည်။
တနင်္သာရီမြို့ပေါ် ချောင်းငယ်ရပ်ကွက်အတွင်းရှိ မြို့ဦးပရိယတ္တိစာသင်တိုက်၊ မြသီတာဘုန်းတော် ကြီးကျောင်း၊ ဝင်္ကဘာတောင် မဟာသန္တိသုခကျောင်း၊ သဘာဝဘိုးဘွားရိပ်သာကျောင်း၊ ချောင်းငယ်ဘုန်းတော်ကြီးကျောင်းနှင့် လုံးခရမ်းဓမ္မရိပ်သာ၊ ချောင်းကြီးရပ်ကွက်-ချောင်းကြီးကျောင်းတိုက် စသည်တို့တွင် ဒေသခံ ဗုဒ္ဓဘာသာဝင်သူတော်စင်၊ သူတော်ကောင်းများက ဥပုသ်သီလဆောက်တည်ကြပြီး ဝါဆိုသင်္ကန်း ကပ်လှူပူဇော်ခြင်း၊ ဥပုသ်ဆွမ်းလှူဒါန်းခြင်းနှင့် ကောင်းမှုကုသိုလ်ပြုသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)