အိမ်မဲမြို့နယ်တွင် ကမ္ဘာ့ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ခွေးရူးရောဂါ ကာကွယ်ဆေးများ အခမဲ့ထိုးနှံပေး

အိမ်မဲ စက်တင်ဘာ ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကမ္ဘာ့ခွေးရူး ရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့ ထိုးနှံခြင်းကို ယမန်နေ့ နံနက်ပိုင်းတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးတွင် ဆောင်ရွက်ခဲ့သည်။

ခွေးရူးရောဂါကြောင့် အသက်ဆုံးရှုံးမှုမရှိစေရန် တိရစ္ဆာန်များမှတစ်ဆင့် ရောဂါကူးစက်မှုမရှိစေရန်အတွက် လည်းကောင်း၊ ခွေးရူးရောဂါတိုက်ဖျက်ရေး တက်ညီလက်ညီကာကွယ်ပေး တစ်ခုတည်းသော ကျန်းမာရေးဆောင်ပုဒ်နှင့်အညီ  ၂၀၃၀ ပြည့်နှစ်တွင် ခွေးရူးရောဂါ လျော့နည်းပပျောက်သွားစေရန် ရည်ရွယ်၍ လည်းကောင်း ခွေးများနှင့် ကြောင်များအား ကာကွယ်ဆေးများအခမဲ့ထိုးနှံခြင်းဖြစ်ကြောင်း၊ မြို့ပေါ်ရပ်ကွက်ရှိ ခွေး (၃၄)ကောင်၊ ကြောင်(၁၆) ကောင်အား ခွေးရူးရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးမှ သိရသည်။

ချစ်သက်လယ် (အိမ်မဲ ပြန်/ဆက်)