ကျောက်တံခါး စက်တင်ဘာ ၂၉
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ကမ္ဘ့ာခွေးရူးရောဂါကာကွယ် တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးခြင်းကို ယမန်နေ့မွန်းလွှဲပိုင်းကစတင်၍ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများက အိမ်မွေးခွေးနှင့်ကြောင်များအား ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံ ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်း မဆောင်ရွက်မှီ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါက်တာနှင်းနုလွင်က ဆေးထိုးနှံမည့်ခွေးများ၏ ပိုင်ရှင်များအား ခွေးရူးရောဂါဖြစ်ပွားရသည့် အကြောင်းအရင်းများ၊ ရောဂါကူးစက်သည့်နည်းလမ်းများ၊ ကာကွယ်တားဆီးနိုင်သည့် နည်းလမ်းဆိုင်ရာများ အသိပညာပေးဟောပြောပြီး အိမ်မွေးခွေး (၆၃)ကောင်နှင့် ကြောင်(၁၈)ကောင် စုစုပေါင်း (၈၁)ကောင်အား အခမဲ့ထိုးနှံပေးကာ ဆေးထိုးမှတ်တမ်းများ ပေးအပ်ခဲ့ကြောင်းသိရသည်။
မြို့နယ် (ပြန်/ဆက်)