မြောင်းမြခရိုင် (Community Centre) တွင် ကွန်ပျူတာအခြေခံသင်တန်း (၂/၂၀၂၃) ဖွင့်လှစ်သင်ကြား

မြောင်းမြ စက်တင်ဘာ ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်ရှိ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) တွင် ဗလငါးတန်နှင့် ပြည့်စုံပြီး ဘက်စုံထူးချွန် ထက်မြက်သော လူငယ်လူရွယ် ကျောင်းသား၊ ကျောင်းသူများ ပေါ်ထွန်းလာစေရေးအတွက် ကွန်ပျုတာအခြေခံသင်တန်း (၂/၂၀၂၃) (အခမဲ့)ကို ၂၅--၂၀၂၃ ရက်နေ့မှစ၍ ဖွင့်လှစ်သင်ကြား လျက်ရှိကြောင်း သိရသည်။

အဆိုပါ  ကွန်ပျူတာသင်တန်းတွင် အခြေခံစာစီစာရိုက် (Microsoft Word Document) ကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်လက်ထောက် ညွှန်ကြားရေးမှူးက သင်ကြားပေးပြီး သင်တန်းကာလမှာ ၂၅--၂၀၂၃ မှ ၃၁-၁၀-၂၀၂၃ အထိ ဖွင့်လှစ်သင်ကြားပေးမည် ဖြစ်ကြောင်း သိရသည်။ သင်တန်းကို အခြေခံပညာ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၀) ဦးတို့က စိတ်ပါဝင်စားစွာ တက်ရောက်သင်ကြားနေကြကြောင်း သိရ သည်။

ခရိုင်ပြန်/ဆက် (မြောင်းမြ)