ရွှေတောင် စက်တင်ဘာ ၂၉
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် (၁၇)ကြိမ်မြောက်(World Rabies Day) ကမ္ဘာ့ခွေးရူးရောဂါတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် ခွေးနှင့်ကြောင်များအား ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနကဆောင်ရွက်ခဲ့သည်။
ရွှေတောင်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဒေါက်တာအေးချမ်းဝင်းနှင့်ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်(၃)ရပ်ကွက်ရှိ ခွေး(၂၆)ကောင်နှင့် ကြောင်(၄)ကောင်စုစုပေါင်း အကောင်(၃၀)အား ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးခြင်းများအား ဆောင်ရွက်ခဲ့သည်။ "ခွေးရူးရောဂါတိုက်ဖျက်ရေး၊ တက်ညီလက်ညီကာကွယ်ပေး၊ တစ်ခုတည်းသော ကျန်းမာရေး" ALL FOR 1 ONE HEALTH FOR ALL ဆောင်ပုဒ်နှင့်အညီ သက္ကရာဇ် ၂၀၃၀ တွင် ခွေးရူးရောဂါ လျော့နည်းပပျောက်သွားစေရန်ရည်ရွယ်၍ ခွေးနှင့်ကြောင်များကို ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးခြင်းဖြစ်ကြောင်းနှင့် ခွေးရူးရောဂါကြောင့် အသက်ဆုံးရှုံးမှုမရှိစေရန်၊ တိရစ္ဆာန်များမှတစ်ဆင့် ရောဂါကူးစက်မှုမရှိစေရန် ကာကွယ်ဆေးများအခမဲ့ထိုးနှံခြင်းဖြစ်ကြောင်း မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန တာဝန်ရှိသူထံမှသိရသည်။
မြို့နယ်( ပြန်/ဆက်)