စလင်း စက်တင်ဘာ ၂၉
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်တွင် ယမန်နေ့ နံနက်(၈)နာရီအချိန်မှ စတင်ကာ မြို့နယ်အတွင်း မိုးစပါးစိုက်ပျိုးဖြစ်ထွန်းမှုများနှင့် နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအား ခရိုင်/ မြို့နယ်နှင့် တာဝန်ရှိသူများ လိုက်ပါ၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မင်းဘူးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးထွန်းထွန်းဝင်းနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ၊ စလင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဌ ဦးမြင့်သိန်းနှင့် မြို့နယ်တာဝန်ရှိ ဌာနဆိုင်ရာများက တောစိမ့်ကျေးရွာအုပ်စု အုတ်ဖိုကန်ကျေးရွာ ကွင်းအမှတ်(၆၀၀)၊ ဦးပိုင်အမှတ်(၈၄/၁)တောင်သူဦးမြင့်ဝင်း စိုက်ပျိုးထားသည့် မိုးစပါးမျိုးစေ့ထုတ် (၅.၀၀)ဧက၊ စံပြစိုက်ခင်းအား အထွက်နှုန်းကောင်းမွန်စေရန် နည်းမှန်၊ လမ်းမှန်စိုက်ပျိုးရန်၊ မိုးစပါးစိုက်ပျိုးရာတွင် ပြုလုပ်ဆောင်ရွက်ရမည့် သီးနှံဖျက်ပိုးအန္တရာယ် ကာကွယ်ရေးနည်းလမ်းများနှင့် မိုးစပါးများစိုက်ပျိုးရာတွင် ပြုလုပ်ဆောင်ရွက်ရမည့် သီးနှံဖျက်ပိုးကာကွယ်ရေးနည်းလမ်းများနှင့် မိုးစပါးများရိတ်သိမ်းချိန်တွင် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန်၊ ယခင်နှစ်များကထက် ယခုနှစ်တွင် ပိုမိုအထွက်နှုန်း ကောင်းမွန်အောင် စိုက်ပျိုးကြရန်၊ သီးနှံများကို သီးထပ်စိုက်ပျိုးကြရန် မှာကြားခဲ့သည်။
ဆက်လက်၍ မကျီပင်ပုကျေးရွာအုပ်စု၊ ကူတိုကျေးရွာ ဘဲမွေးမြူရေးခြံ၊ ပေါင်းပင်ဇင်းရပ်ကွက် စက်မှုဆီစက်လုပ်ငန်း၊ အနောက်ကန်ဘောင်ကျေးရွာ ကြာချည်လုပ်ငန်းနှင့် ငါးမွေးမြူရေးလုပ်ငန်းများသို့ သွားရောက်ကြည့်ရှုခဲ့ကြပြီး အင်ကြင်းပင်လှကျေးရွာအုပ်စု၊ လက်ပံတောကျေးရွာ ဝါအထွက်တိုး စံပြစိုက်ခင်းအား သွားရောက်ကြည့်ရှုခဲ့ကာ ယခင်နှစ်ကထက် အထွက်နှုန်းများနှင့် စံချိန်စံညွှန်းအမှီ ကျော်ဖြတ်၍ ဆောင်ရွက်ထားရှိမှုများကို ဆွေးနွေးခဲ့သည်။ ဆက်လက်၍ စလင်းမြို့ ပေါင်းနားရပ်ကွက် စက်မှုဆန်စက်လုပ်ငန်း လည်ပတ်နေမှု၊ ကျောင်းကြားရပ်ကွက် စက်မှုစီးပွားမြေဂရန်သစ် လျှောက်ထားသည့် မြေနေရာအား ကွင်းဆင်းကြည့်ရှုခြင်း၊ ထိုမှတစ်ဖန် တညောင်ကျေးရွာ လျှပ်စစ်ပင်မဓာတ်အားခွဲရုံ မြေနေရာအဖြစ် မြေလွှဲလျှောက်ထားသည့် နေရာအား ကြည့်ရှုစစ်ဆေးခြင်း၊ မြောက်ချောင်းဖြူကျေးရွာအုပ်စုတွင် တည်ဆောက်မည့် အကျယ်အဝန်းဧရိယာ(၃.၁၀)ဧက မြေနေရာ အာလူးအအေးခန်း တည်ဆောက်မည်နေရာအား ကြည့်ရှုစစ်ဆေးခြင်းနှင့် ဆင်ဖြူကျွန်းမြို့ စက်မှုလုပ်ငန်း၊ ဆီစက်လုပ်ငန်း ဆောင်ရွက်လည်ပတ်နေမှုစသည့် နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်သည်လုပ်ငန်းများကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ပြီးနောက် ဆင်ဖြူကျွန်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမဆောင်တွင် ဆီစက်လုပ်ငန်းရှင်များ၊ ကုန်သည်များနှင့် တွေ့ဆုံ၍ စားအုန်းဆီရောင်းချနေမှု၊ ဖြန့်ဖြူးပေးနေမှုနှင့် စားအုန်းဆီမြို့နယ်အတွင်းဝင်ရောက်မှုတို့ကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးထွန်းထွန်းဝင်းမှ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
(မောင်လွင်)စလင်း