ပေါင်းတည် စက်တင်ဘာ ၂၉
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ အယ်လ်နီညိုနှင့်မွေးမြူရေးအသိပညာပေး ရက်သတ္တပတ်လှုပ်ရှားမှုကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက ညောင်ကပ္ပင်အုပ်စု၊ ကျွဲတဲရွာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဆောင်ရွက်မှုတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနဦးစီးမှူး ဒေါက်တာသင်းသင်းခိုင်က အယ်လ်နီညိုကြောင့် ထိခိုက်နစ်နာဆုံးရှုံးမှုဖြစ်ပေါ်စေနိုင်သည့်အချက်များနှင့် ထိခိုက်နစ်နာဆုံးရှုံးမှုများ အနည်းဆုံးဖြစ်စေရန် မွေးမြူရေးဆောင်ရွက်သူများ ကြိုတင်ပြင်ဆင်ရမည့်အချက်များကို အသိပညာပေးဟောပြောခဲ့ပြီးနောက် တက်ရောက်လာသူများအား တိရစ္ဆာန်ကူးစက်ရောဂါအသိပညာပေးလက်ကမ်းစာစောင်နှင့် မွေးမြူရေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
သူရကြီး(ပြန်/ဆက်)