ပုလော စက်တင်ဘာလ ၂၉
သုတ/ရသ စာအုပ်စာစောင်များကို လေ့လာဖတ်ရှုချင်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ပုလော မြို့နယ် ပြည်သူ့စာကြည့်တိုက်ကို လာရောက်ငှားရမ်း ဖတ်ရှုနိုင်ခြင်းမရှိသည့် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် မိသားစုများ အဆင်ပြေစွာဖြင့် စာပေကိုလေ့လာဖတ်ရှုနိုင်ရေးနှင့် စာဖတ်ရှိန်တိုးတက်လာစေရေးကို မျှော်တွေး၍ စက်တင်ဘာလ ၂၈ ရက်နေ့ နံနက် ၉ နာရီခွဲက ဌာနဆိုင်ရာရုံးများနှင့် ဝန်ထမ်းမိသားစုများကို သွားရောက်၍ သုတ/ရသစာအုပ် စာစောင်များကို နယ်လှည့်ကွင်းဆင်းငှားရမ်းပေးခဲ့သည်။
ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်၊ သားသား/မီးမီးအကြိုက် သုတ/ရသ စာအုပ် မျိုးစုံစွာဖြင့် ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက စာဖတ်ရှိန်တိုးတက်လာစေရေး နယ်လှည့်ကွင်းဆင်း၍ အပတ်စဉ်ငှားရမ်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အေးအေးမော်(ပုလော)