ပန်ဆောင် စက်တင်ဘာ ၂၉
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့တွင် မိသားစုတစ်ပိုင်တစ်နိုင် နဂါးမောက် ခြံလေးများကြောင့် မိသားစုဝင်ငွေရရှိကြောင်း သိရသည်။
ပန်ဆောင်မြို့တွင် အဓိကစပါး စိုက်ပျိုးသော မြို့တစ်မြို့ဖြစ်ပြီး ကိုဗစ်ကာလကြောင့် တစ်ခြားဝင်ငွေတိုးစေရန် အာလာဂျီစိုက်ပျိုး ခြင်း၊ ဝဥစိုက်ပျိုးခြင်း၊ လုပ်ငန်းအပြင် တစ်ပိုင်တစ်နိုင်ကျန်းမာရေးနှင့်ညီညွတ်ပြီး သန့်ရှင်းလတ်ဆတ်သော ဒေသထွက်ကုန်သီးနှံအဖြစ် နဂါးမောက်သီးနှံများထွက်ရှိရေး၊ မိသားစုအပို ဝင်ငွေရရှိရေးအတွက် တောင်သူလယ်သမားအချို့မှာ စမ်းသပ်စိုက်ပျိုးခဲ့ကြရာ ယခုအခါ နဂါးမောက်စိုက်ပျိုးသူများ ဝင်ငွေရရှိပြီး အကျိုးရှိလျက်ရှိကြောင်း သိရ သည်။
ဂျာယော်(ပန်ဆောင်)