ပုသိမ်မြို့နယ်၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ် အောက် ကလေးသူငယ်များအား ထောက်ပံ့ငွေများပေးအပ်

ပုသိမ် စက်တင်ဘာ ၂၉

ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေး သူငယ်များအား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ဧရာဝတီ တိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ရွှေမြင်တင်ကျေးရွာအုပ်စု၊ ရွှေမြင်တင်ကျေးရွာ၊ ဇင်ပြွန်းကုန်း ကျေးရွာအုပ်စု၊ မြင်းချောင်းကျေးရွာ၊ မရမ်းချောင်းကျေးရွာအုပ်စု၊ ဗျိုက်ကုန်းကျေးရွာ၊ ကမ်းနီဖျားကျေးရွာအုပ်စု၊ သူတော်ကုန်းကျေးရွာတို့တွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများတက်ရောက်၍ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွား လာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ထောက်ပံ့ငွေများနှင့် ကြက်ဥများထောက်ပံ့ ပေးအပ်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ရွှေမြင်တင်ကျေးရွာအုပ်စု၊ ရွှေမြင်တင် ကျေးရွာ၊ ကျွန်းခြားကျောင်းတိုက်၊ စိန္တိတာရာမကျောင်းဆောင်တွင် ပြုလုပ်သည့် ကိုယ်ဝန် ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ် များအား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနား တက်ရောက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က “ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးဖွားလာသည့် ကလေးငယ်များအနေဖြင့်လည်း အာဟာရ ပြည့်ဝစွာ ရရှိနိုင်စေရေး နိုင်ငံတော်မှ ရန်ပုံငွေများခွဲဝေချထားပေးကာ ထောက်ပံ့ပေးအပ်ခြင်း ဖြစ်ပါကြောင်း၊ ရရှိသည့်ထောက်ပံ့ငွေများကို အကျိုးရှိစွာသုံးစွဲရန်လိုပါ ကြောင်း၊ ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် "ကလေးဘဝရှေ့ဆောင် ရက်တစ်ထောင်" ကာလအတွင်း ကလေး ငယ်များအား စနစ်တကျပြုစု စောင့်ရှောက် ပေးနိုင်ပါက ကျန်းမာကြံ့ခိုင်ပြီး ဉာဏ်ရည် ဉာဏ်သွေးဖွံ့ဖြိုးသည့် ကလေးငယ်များအဖြစ် ကြီးပြင်းလာကြမှာ ဖြစ်ပါကြောင်း၊ နိုင်ငံသား အသိအမှတ်ပြုကတ် မရှိ၍ ထောက်ပံ့ကြေး မရခဲ့သည့် ကိုယ်ဝန်ဆောင်များအနေဖြင့် လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနနှင့် ဆက်သွယ်ဆောင်ရွက်ပြီး စာရင်း ပေးသွင်းနိုင်ရေး လုပ်ဆောင်ကြရန်၊ ရရှိသည့် ထောက်ပံ့ငွေအား မိခင်ရောကလေးပါ အာဟာရ ပြည့်ဝစွာ စားသုံးရာတွင်  အကျိုးရှိစွာ သုံးစွဲကြစေလိုကြောင်း” အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီး များ၏ ဇနီးများက ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေး သူငယ်များအား ထောက်ပံ့ငွေများနှင့် ကြက်ဥများ အား လက်ရောက်ပေးအပ်ခဲ့သည်။

အလားတူ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၏ ဇနီးများသည် ဇင်ပြွန်းကုန်းကျေးရွာအုပ်စု၊ မြင်းချောင်းကျေးရွာ၊ ရွှေဗောဓိဓမ္မာ ရုံတွင် ပြုလုပ်သည့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ် များအား ထောက်ပံ့ငွေပေးအပ်ပွဲ တက်ရောက်၍ အမှာစကားများပြောကြားခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၏ ဇနီးများက ကိုယ်ဝန်ဆောင် မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ထောက်ပံ့ငွေများနှင့် ကြက်ဥများအား လက်ရောက်ပေးအပ်ခဲ့သည်။ ထို့နောက် မရမ်းချောင်း ကျေးရွာအုပ်စု၊ ဗျိုက်ကုန်းကျေးရွာ၊ မင်္ဂလာသုခကျောင်းတိုက်ရှိ ပဓာနနာယကနှစ်ထပ် ကျောင်းဆောင်တွင် ပြုလုပ်သည့် ကိုယ်ဝန်ဆောင် မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ထောက်ပံ့ငွေပေးအပ်ပွဲ တက်ရောက်၍ အမှာစကားများ ပြောကြားခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၏ ဇနီးများက ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက် (၂)နှစ်အောက် ကလေးသူငယ်များအား ထောက်ပံ့ငွေများနှင့် ကြက်ဥများအား လက်ရောက် ပေးအပ်ခဲ့သည်။

ဆက်လက်၍  ကမ်းနီဖျားကျေးရွာအုပ်စု၊ သူတော်ကုန်းကျေးရွာ၊ စကောကရင်နှစ်ခြင်း ခရစ်ယာန်အသင်းတော်ခန်းမဆောင်တွင်ပြုလုပ်သည့် ကိုယ်ဝန်ဆောင် မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ထောက်ပံ့ငွေပေးအပ်ပွဲ တက်ရောက်၍ အမှာစကားများပြောကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၏ ဇနီးများက ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ထောက်ပံ့ငွေများနှင့် ကြက်ဥများအား လက်ရောက်ပေးအပ်ခဲ့ကြသည်။ အဆိုပါ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာ သော အသက်(၂) နှစ်အောက် ကလေးသူငယ်များအား ထောက်ပံ့ငွေပေးအပ်ခဲ့ရာ၌ ရွှေမြင်တင်ကျေးရွာ အုပ်စုတွင်အသက်(၂) အောက်ကလေးငယ် (၇၅)ဦး၊ ကိုယ်ဝန်ဆောင်မိခင် (၂၉)ဦး၊ ဇင်ပြွန်းကုန်း ကျေးရွာအုပ်စုတွင် အသက်(၂)အောက်ကလေးငယ်(၁၀၃)ဦး၊ ကိုယ်ဝန် ဆောင်မိခင် (၅၉)ဦး၊ မရမ်းချောင်းကျေးရွာ အုပ်စုတွင် အသက်(၂) အောက်ကလေးငယ် (၃၂)ဦး၊ ကိုယ်ဝန်ဆောင်မိခင် (၂၀)ဦး၊ ကမ်းနီဖျားကျေးရွာအုပ်စုတွင် အသက်(၂) အောက် ကလေးငယ် (၃၈)ဦး၊ ကိုယ်ဝန်ဆောင် မိခင် (၃၀)ဦး တို့အားထောက်ပံ့ပေးအပ်နိုင်ခဲ့ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)