သရက်မြို့၌ စိုက်ပျိုးစွမ်းအား တိုးတက်မြှင့်တင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

သရက် စက်တင်ဘာ ၂၉

မကွေးတိုင်းဒေသကြီး သရက်မြို့၌ သရက်ခရိုင်၏ ၂၀၂၃-၂၀၂၄ခုနှစ် စိုက်ပျိုးစွမ်းအား တိုးတက်မြှင့်တင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝးကို ယမန်နေ့ နံနက်(၁၀:၃၀)နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်မျိုးလတ်၊ ခရိုင်စိုက်ပျိုး စွမ်းအားမြှင့်တင်ရေးလုပ်ငန်းကော်မတီများ၊ ခရိုင်အတွင်းရှိ မြို့နယ်စိုက်ပျိုးစွမ်းအားမြှင့်တင်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တက်ရောက်ကြသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားပေးခဲ့ပြီး လုပ်ငန်းကော်မတီအတွင်းရေးမှူး ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှူးက သရက်ခရိုင်အတွင်း စိုက်ပျိုးပြီးစီးမှု ပတ်သက်၍ တင်ပြပေးခဲ့သည်။

ထို့နောက် သရက်၊ ကံမ၊ မင်းတုန်း၊ မင်းလှမြို့နယ်များမှ စိုက်တိုးမြှင့်လုပ်ငန်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးများက သီးထပ်များ ထပ်မံတိုးတက်စိုက်ပျိုးမည့်များကို ပါဝါပွိုင်ဖြင့် ပြသဆွေးနွေးပေးခဲ့ရာ တက်ရောက်လာသည့် ဌာနဆိုင်ရာများမှ ဆွေးနွေးဆောင်ရွက်ခဲ့ကြပြီး ခရိုင်စိုက်တိုးမြှင့်ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးမှ သီထပ်ဧကများ စိုက်စွမ်းအားပြည့်တိုးတက်စိုက်ပျိုးနိုင်ရေးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားပေးခဲ့ကာ လိုအပ်သည်များ ဖြည့်စွက်မှာကြားပေးခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)