ဝါးခယ်မ စက်တင်ဘာ ၂၈
ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် (၁၇)ကြိမ်မြောက် (World Rabies Day) ကမ္ဘာ့ခွေးရူးရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ခွေးနှင့်ကြောင်များအား ခွေးရူးရောဂါကာကွယ်ဆေးအခမဲ့ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ဝါးခယ်မမြို့နယ်၌ (28.9.2023)ရက်နေ့တွင် ကျရောက်သော (၁၇)ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်အမှတ်အဖြစ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာသူဇာဝင်းနှင့် ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်ရှိ ခွေးနှင့်ကြောင်များအား ခွေးရူးရောဂါ လျော့နည်းပပျောက်သွားစေရန်ရည်ရွယ်၍ ခွေးနှင့်ကြောင်များကို ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးခြင်းဖြစ်ကြောင်းနှင့် တိရစ္ဆာန်များမှတဆင့် ရောဂါကူးစက်မှုမရှိစေရန် ကာကွယ်ဆေးများ အခမဲ့ထိုးနှံခြင်းဖြစ်ကြောင်း မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါက်တာ သူဇာဝင်း ထံမှသိရသည်။
ဟိန်းထက်လင်း(ပြန်/ဆက်)