ကြံခင်းမြို့တွင် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးမြစ်ချင်းနှင့် ငါးနုတ်အစုံငါးများကို စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး

ကြံခင်း စက်တင်ဘာ ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်တွင် ဒေသနေပြည်သူများ ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူစားသုံးနိုင်စေရန် မြန်အောင်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနနှင့် ငါးမွေးကန်လုပ်ငန်းရှင်များ ပူးပေါင်း၍ ယနေ့နံနက်(၇)နာရီအချိန်က  ကြံခင်းမြို့နယ်၊ သဲဖြူကျေးရွာအုပ်စုအတွင်း ငါးမြစ်ချင်းနှင့် ငါးနုတ်အစုံငါးများကို စျေးကားဖြင့်လှည့်လည်ရောင်းချပေးကြသည်။

ထိုသို့ရောင်းချပေးရာတွင် မြန်အောင်ခရိုင် ငါးလုပ်ငန်းဦးစီးဌာန ဦးစီးမှူး ဒေါ်အေးမြင့်ဦးနှင့် ဝန်ထမ်းများက ငါးမွေးကန်လုပ်ငန်းရှင်များနှင့်ပူးပေါင်း၍ ငါးမြစ်ချင်း တစ်ပိသာ (၅၀၀၀) ကျပ် စျေးနှုန်းဖြင့် ငါးအချိန် (၁၀) ပိသာ၊ ငါးနုတ်အစုံ တစ်ပိသာ(၃၅၀၀) ကျပ်စျေးနှုန်းဖြင့် ငါးအချိန် (၁၀) ပိသာ ရောင်းချပေးခဲ့ကြောင်း ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှတာဝန်ရှိသူထံက  သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)