အင်္ဂပူမြို့တွင် (World Rabies Day) ကမ္ဘာ့ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ခွေးရူးရောဂါ ကာကွယ်ဆေးများ(အခမဲ့)ထိုးနှံပေး

အင်္ဂပူ စက်တင်ဘာ ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ (World Rabies Day) ကမ္ဘာ့ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ခွေးရူးရောဂါကာကွယ်ဆေး (အခမဲ့) ထိုးနှံခြင်းများကို ယနေ့နံနက်ပိုင်းက မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံး၌ ပြုလုပ်ခဲ့သည်။

"ခွေးရူးရောဂါတိုက်ဖျက်ရေး၊ တက်ညီလက်ညီကာကွယ်ပေး၊ တစ်ခုတည်းသော ကျန်းမာရေး" ALL FOR 1  ONE HEALTH FOR ALL ဆောင်ပုဒ်နှင့်အညီ သက္ကရာဇ်၂၀၃၀ တွင် ခွေးရူးရောဂါ လျော့နည်း ပပျောက်သွားစေရန်ရည်ရွယ်၍ လည်ကောင်း၊ ခွေးရူးရောဂါကြောင့် အသက်ဆုံးရှုံးမှု မရှိစေရန်၊ တိရစ္ဆာန်များမှတဆင့် ရောဂါကူးစက်မှုမရှိစေရန် အတွက်လည်းကောင်း ခွေးနှင့်ကြောင်များအား ကာကွယ်ဆေးများ အခမဲ့ထိုးနှံခြင်း ဖြစ်ကြောင်းနှင့် မြို့ပေါ်ရပ်ကွက်ရှိ‌ ခွေး(၅၀) ကောင်တို့အား ခွေးရူးရောဂါကာကွယ်ထိုးနှံ‌ေပးခဲ့‌ကြောင်း မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါက်တာ ဇာနည်အောင် ထံမှသိရှိရသည်။

မန်းကျော်(ပြန်/ဆက်)