ဇီးကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ အသိပညာပေးခြင်းလုပ်ငန်းကွင်းဆင်းဆောင်ရွက်

ဇီးကုန်း စက်တင်ဘာ ၂၈

ပဲခူးတိုင်းဒေသကြီး၊ ဇီးကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ အသိပညာပေးခြင်းလုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့က ဝက်စာပိုးကျေးရွာအုပ်စု၊ ညောင်ဇင်ကျေးရွာ အ.မ.ကကျောင်း၌ စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲ၌ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်မြင့်မြင့်ခင်နှင့်ဝန်ထမ်းများက စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာနှင့်ပတ်သက်၍ ဘေးအန္တရာယ်ရှိသော စားသောက်ကုန်များအကြောင်း၊ သိသင့်သိထိုက်သော ကုန်အညွှန်းအမှတ်အသားဆိုင်ရာများအကြောင်းနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှုမရှိသောမုန့်များနှင့် သက်တမ်းလွန်မုန့်များ၊ စားသုံးရန်မသင့်သော အစားအသောက်များကို ကျောင်းသူ၊ ကျောင်းသားများ ဗဟုသုတရရှိနိုင်ရန် ဟောပြောခဲ့သည်။

တင့်ဆွေ(ပြန်/ဆက်)