ဘိုကလေး စက်တင်ဘာ ၂၈
ယနေ့ကျရောက်သည့် (၁၇)ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ယနေ့နံနက်(၉)နာရီခွဲ အချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၌ မြို့နယ်တွင်းရှိ အိမ်မွေး ခွေး၊ ကြောင်များအား ခွေးရူရောဂါ ကာကွယ်ဆေး အခမဲ့ထိုးနှံဆောင်ရွက်ပေးခဲ့သည်။
ဆေးထိုးနှံခြင်း မဆောင်ရွက်မီ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ဦးစီးအရာရှိ၊ ဒေါက်တာကျော်မိုးဝင်းက ဆေးထိုးနှံရန် လာရောက်ကြသည့် ခွေး၊ ကြောင်များ၏ ပိုင်ရှင်များအား ခွေးရူးရောဂါဖြစ်ပွားရသည့် အကြောင်းအရင်းများ၊ ရောဂါကူးစက်သည့် နည်းလမ်းများ၊ ကာကွယ်တားဆီးနိုင်သည့် နည်းလမ်းဆိုင်ရာများအား အသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ပြီး မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၏ ဝန်ထမ်းများမှ အိမ်မွေးခွေး (၄၅)ကောင်နှင့် ကြောင်(၅)ကောင်၊ စုစုပေါင်းကောင်ရေ(၅၀)အား အခမဲ့ခွေးရူးရောဂါကာကွယ်ဆေးများ ထိုးနှံဆောင်ရွက်ခဲ့ပြီး ဆေးထိုးမှတ်တမ်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)