မန့်ဟီးရိုး စက်တင်ဘာ ၂၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ပြည်သူ့စာတိုက်တွင် ကျောင်းပိတ်ရက်များနှင့် အားလပ်ချိန်များတွင် စာဖတ်ကျောင်းသား/သူများ၊ စာငှားဒေသခံပြည်သူများ တိုးပွားလာလျက်ရှိပါသည်။
မန့်ဟီးရိုးမြို့ ပြည်သူ့စာကြည့်တိုက်တွင် ကလေးသူငယ်အကြိုက် ရုပ်ပြကာတွန်းများ၊ တေဇရုပ်ပြများ၊ ပုံပြင်များအပြင် လူငယ်လူရွယ်လူရွယ်များ လာရောက်ဖတ်ရှုကြသော ဝတ္ထုတိုများ၊ မဂ္ဂဇင်းများ၊ ဉာဏ်စမ်းပဟေဠိစာအုပ်များနှင့် ပြိုင်ပွဲဝင် စာစီစာကုံးစာအုပ်များကို လာရောက်ငှားရမ်းဖတ်ရှုနိုင်ပြီး ဒေသခံတိုင်းရင်းသား သက်ကြီးအရွယ်များ ဗဟုသုတတိုးပွားဖွယ် သုတရသဝတ္ထုရှည်များ၊ နိုင်ငံ့ခေါင်းဆောင်ကြီးများ၏ အတ္ထုပ္ပတ္တိနှင့် မိန့်ခွန်းကောက်နုတ်ချက်များ၊ နေ့စဉ်ထုတ်သတင်းစာများ၊ (၁၅)ရက်တစ်ကြိမ် ထုတ်ဝေသော ဒို့ကျေးရွာဂျာနယ်တို့ကိုလည်း ပြည်သူ့စာကြည့်တိုက်တွင် လာရောက်ဖတ်ရှုနိုင်သကဲ့သို့ မိမိတို့ နေအိမ်အထိ ငှားရမ်းဖတ်ရှုနိုင်ပါသည်။ ယခုစက်တင်ဘာလအတွင်း မန့်ဟီးရိုးမြို့ ပြည်သူ့စာကြည့်တိုက်သို့ စာစီစာကုံးပြိုင်ပွဲများအတွက် ကြိုတင်ပြင်ဆင်ကြသော စာဖတ်/စာငှားကျောင်းသား/သူများနှင့် အရုပ်ဆက်ကစားနည်းများ၊ ဆေးရောင်ခြယ်ပုံဆွဲနည်းများအပြင် စကားပုံဆက်ကစားနည်းများ လာရောက်ဆော့ကစားကြသော ကလေးသူငယ်များ တိုးပွားလာလျက်ရှိကြောင်း သိရှိရပါသည်။
မန့်ဟီးရိုး(ပြန်/ဆက်)