အိမ်မဲမြို့နယ် အတွင်းရှိကျေးရွာများတွင် ကျန်းမာရေးအသိပညာပေးခြင်းနှင့် ဆေးကုသပေးခြင်းများ ဆောင်ရွက်

အိမ်မဲ စက်တင်ဘာ ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမျိုးကျော်အောင်ဦးဆောင်၍ မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ကျန်းမာရေးအသိပညာပေးခြင်းနှင့် ဆေးကုသ​ပေးခြင်းများကို စက်တင်ဘာလ (၂၆)ရက်နေ့တွင် ဆောင်ရွက်ခဲ့သည်။

ထိုကဲ့သို့ဆောင်ရွက်ခဲ့ရာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးမှူးနှင့် တာဝန်ရှိသူများက သရက်ကုန်းကျေးရွာ၊ သင်တောကျေးရွာများတွင် အသက်()နှစ်အောက် ကလေးငယ်များအား ကာကွယ်ဆေးထိုးလုပ်ငန်းအကြောင်း၊ ပြီးပြည့်စုံသော ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုအကြောင်း၊ ပြည်သူလူထုအခြေပြု အသက်()နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော မိန်းကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး (HPV)ထိုးနှံမည့် အစီအစဥ်အကြောင်း၊ ဌက်ဖျားရောဂါ အကြောင်းတို့ကို ကျန်းမာရေးအသိပညာပေးခြင်းအနေဖြင့် အကျယ်တဝင့်ဟောပြောပေးခဲ့သည်။

ဆက်လက်ပြီး အဆိုပါကျေးရွာများမှ အထွေထွေရောဂါများဖြစ်သော သွေးတိုး၊ နှလုံး၊ ဆီးချိုနှင့် ဖျားနာသောသူ စုစုပေါင်း (၁၅၆) ဦးအား ဆေးဝါးများကို အခမဲ့ကုသပေးပြီး ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။

ချစ်သက်လယ်

(အိမ်မဲ ပြန်/ဆက်)