မော်လိုက် စက်တင်ဘာ ၂၈
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ မော်လိုက်မြို့နယ် ကျန်းမာရေးဌာနမှ သားအိမ်ခေါင်း ကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ယမန်နေ့ နံနက်(၉)နာရီ အချိန်က အမက(၂)ကျောင်း၌ ကျောင်းသူလေးများကို ထိုးနှံပေးခဲ့သည်။
အဆိုပါ ကာကွယ်ဆေးကို အမက(၂)ကျောင်း Grade-1 မှ Grade-5 များရှိ အသက်(၉)နှစ်မှ (၁၂)နှစ် အတွင်း ကျောင်းသူ(၇၃ ) ဦးအား ထိုးနှံပေးခဲ့ကြသည်။ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးကို နိုင်ငံတော်စီမံချက်အရ ကျောင်းများတွင် စတင်ထိုးနှံမည်ဖြစ်ပြီး Community Base တွင်လည်း နောက်ပိုင်းတွင် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ ညနေပိုင်းတွင်လည်း အမက(၄) ညောင်ပင်သာကျောင်း တွင်လည်း လျာထားသည့် ကျောင်းသူ(၄၇)ဦးကိုလည်း ဆက်လက် ထိုးနှံပေးခဲ့ကြကြောင်း မော်လိုက်မြို့ရှိ ကျောင်းများတွင် ပထမဦးဆုံးအကြိမ် စတင်ထိုးနှံခြင်းဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဌာန တာဝန်ရှိ ဆရာမထံမှ သိရ သည်။
ခရိုင်ပြန်/ဆက်