မြောင်းမြ စက်တင်ဘာ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့ရှိ ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ခရိုင်အမျိုးသမီးကော်မတီနှင့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ သည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေးက အဖွင့် အမှာစကားပြောကြားပြီး ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ခရိုင်မှူး ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်မေဝင်းကျော်က လူမှုဝန်ထမ်းဦးစီးဌာန၏ လုပ်ငန်းများအကြောင်း၊ ဌာနအနေဖြင့် ဆောင်ရွက်နေသည့် အမျိုးသမီးများနှင့် ကလေးသူငယ်များ ကာကွယ်စောင့်ရှောက်ရေး ကိစ္စရပ် များ၊ ထောက်ပံ့ပေးမှု ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ဆက်လက်ပြီး မြောင်းမြခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မောင်မောင်ရွှေက ကလေးသူငယ် အခွင့်အရေးဆိုင်ရာများကို ဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် အမျိုးသမီးကော်မတီနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီဝင်များက အမျိုးသမီးများ ကာကွယ်စောင့်ရှောက် ရေးနှင့် ကလေးသူငယ်အခွင့်အရေး များ ဆိုင်ရာများကို ဆွေးနွေးကြကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးသို့ ခရိုင်အမျိုးသမီးကော်မတီနှင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ကြကြောင်း သိရ သည်။
ခရိုင်ပြန်/ဆက် (မြောင်းမြ)