သရက်ချောင်းမြို့နယ်တွင် (ဒုတိယ) အကြိမ် ယူရီးယား(Urea) ဓာတ်မြေဩဇာ စျေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးပေးအပ်ခြင်းအခမ်းအနားကျင်းပ

သရက်ချောင်း  စက်တင်ဘာ   ၂၈

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်သော ၂၀၂၃ ခုနှစ် မိုးရာသီ မိုးစပါးမျိုးစေ့ ထုတ်စိုက်ခင်း၊ စံပြကွက်၊ စမ်းသပ်ကွက်နှင့် မိုးစပါးစိုက်ပျိုး

သည့်တောင်သူများအား (ဒုတိယ) အကြိမ် ယူရီးယား(Urea) ဓာတ်မြေဩဇာ စျေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က အဆိုပါဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာအခမ်းအနားတွင် သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်အနေဖြင့် ဒေသခံတောင်သူများ ဝင်ငွေတိုးတက်ရရှိကာ လူမှုစီးဖွံ့ဖြိုးတိုးတက်လာစေရန် ဓာတ်မြေဩဇာများအား ဈေးနှုန်းသက်သာစွာထောက်ပံ့ပေးနိုင်ရေး၊ မျိုးကောင်း မျိုးသန့်များရရှိစေရေးနှင့် စိုက်ပျိုးနည်းစနစ်များ မှန်ကန်စွာစိုက်ပျိုးနိုင်ရေးအတွက် ကြိုးစားဆောင်ရွက်ပေးနေလျက်ရှိကြောင်း၊ ဒေသခံတောင်သူများ အားလုံးကလည်း  သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ပူးပေါင်းကာ ကြိုးစားဆောင်ရွက်ကြဖို့လိုကြောင်း၊ ဒေသဖွံ့ဖြိုးရေးအတွက် စိုက်ပျိုးရေးထွက်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေးဆောင်ရွက်ရာတွင် ကုန်ကျစရိတ်သက်သာပြီး လယ်ယာမြေအတွက် ရေရှည်အကျိုးပြုနိုင်သည့် သဘာဝမြေဩဇာများကို စနစ်တကျ ထည့်သွင်းအသုံးပြုကြဖို့လိုကြောင်း၊  သီးနှံထွက်ကုန်များ အရည်အသွေးကောင်းမွန်စေရေးဆောင်ရွက်မှုနှင့်အတူ တန်ဖိုးမြှင့်ထုတ်ကုန်များ ဖန်တီးထုတ်လုပ်နိုင်ရေးကိုလည်း စီစဉ်ဆောင် ရွက်သွားကြဖို့လိုကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ သရက်ချောင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇော်မင်းက ၂၀၂၃ ခုနှစ် မိုးရာသီ မိုးစပါးမျိုးစေ့ ထုတ်စိုက်ခင်း၊ စံပြကွက်၊ စမ်းသပ်ကွက်နှင့် မိုးစပါးစိုက်ပျိုးသည့်တောင်သူများအား ယူရီးယား(Urea) ဓာတ်မြေဩဇာများစျေးနှုန်းချိုသာစွာ ဖြင့်ဖြန့်ဖြူးပေးရခြင်းရည်ရွယ်ချက်များအား ရှင်လင်းဆွေးနွေးပြောကြားခဲ့ပြီး မြို့နယ်စီမံချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးနှင့် တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ ၂၀၂၃ခုနှစ် မိုးရာသီ မိုးစပါးမျိုးစေ့ ထုတ်စိုက်ခင်း၊ စံပြကွက်၊ စမ်းသပ်ကွက်နှင့် မိုးစပါးစိုက်ပျိုးသည့်တောင်သူများအား  ယူရီးယားဓာတ်မြေဩဇာဖြန့်ဖြူးပေးအပ်ကာ အခမ်းအနားရုပ်သိမ်းခဲ့သည်။

သရက်ချောင်းမြို့နယ်တွင် ၂၀၂၃ခုနှစ် မိုးရာသီ မိုးစပါးမျိုးစေ့ ထုတ်စိုက်ခင်း၊ စံပြကွက်၊ စမ်းသပ်ကွက်နှင့် မိုးစပါးစိုက်ပျိုးသည့်တောင်သူများအား ယူရီးယားဓာတ်မြေဩဇာတစ်အိတ်လျှင် (၄၀၀၀၀)ကျပ်နှုန်းဖြင့် စုစုပေါင်း(၃၀၀)အိတ်ကို မြို့ပေါ်ရပ်ကွက်(၅)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၇)အုပ်စုရှိ တောင်သူများအား စျေးနှုန်းချိုသာစွာဖြင့်ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထံမှသတင်းရရှိသည်။

ပြည့်ဖြိုးပိုင်(သရက်ချောင်း)