ဇီးကုန်း စက်တင်ဘာ ၂၈
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်၌ ကျောင်းသား ကျောင်းသူများအား မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း(အ.ထ.က-ဇီးကုန်း)၌ ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် ဇီးကုန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်အောင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ကျော်က မူးယစ်ဆေးဝါးအမျိုးအစားများအကြောင်းနှင့် ဆိုးကျိုးများကိုလည်းကောင်း၊ ဥပဒေအရာရှိ ဒေါ်တင့်တင့်ဝေက မူးယစ်ဆေးဝါးနှင့်ပတ်သက်သော ဥပဒေ၊ ပုဒ်မ၊ ပြစ်မှု ပြစ်ဒဏ်များကိုလည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးအရာရှိ ဒေါ်မာမာဦးက လူငယ်နှင့်မူးယစ်ဆေးဝါး ခေါင်းစဉ်ဖြင့်လည်းကောင်း အသိပညာပေးဟောပြောခဲ့ကြသည်။
ထို့နောက် ဒုတိယမြို့နယ်ပညာရေးမှူး ဦးရဲထွဋ်ဦးက ကျေးဇူးတင်စကားပြောကြားပေးခဲ့ပြီး အခမ်းအနားပြီးမြောက်ခဲ့ကြောင်း သိရသည်။
တင့်ဆွေ(ပြန်/ဆက်)