စေတုတ္တရာ စက်တင်ဘာ ၂၈
မကွေးတိုင်းဒေသကြီး၊မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် စိုက်ပျိုးရေး၊မွေးမြူးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနရှိ မြို့နယ်မွေးမြူးရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ အခြေခံလုပ်သားကျန်းမာရေးသင်တန်းသားများအတွက် ဝက်မေထုန်မဲ့သားစပ်သင်တန်းဆင်းပွဲကို အဆိုပါရုံး၌ ယမန်နေ့မွန်းလွဲပိုင်းအချိန်က ကျင်းပပြုလုပ်သည်။
အဆိုပါသင်တန်းကို စေတုတ္တရာမြို့နယ်မွေးမြူးရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာဖိုးကျော်မင်းက ဒေသတွင်းဝက်မျိုးကောင်းမျိုးသန့်များ ပြန့်ပွားစေရန် ဝက်များတွင် မေထုန်မဲ့သားစပ်သည့်အတတ်ပညာအား ဒေသတွင်းအခြေခံကျန်းမာရေးလုပ်သားများ တတ်ကျွမ်းနားလည်ပြီး မျိုးမြှင့်သားစပ်ခြင်းဖြင့် ဝက်မျိုးကောင်းမျိုးသန့်များထုတ်လုပ်ရရှိစေရန်၊ အသားကဏ္ဍဖူလုံရေးအတွက်အထောက်အကူပြုစေရန် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သင်တန်းတွင်မြို့နယ် မွေးမြူးရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများကသင်တန်းသားများကို ဝက်မေထုန်မဲ့သားစပ်ခြင်းဆိုင်ရာသင်ခန်းစာများ ၊လက်တွေ့ကွင်းးဆင်းခြင်းအား မြို့နယ်ရှိအမှတ်(၂)ပိတောက်မြိုင်ရပ်ကွက်ပိုင်ရှင် ဦးကျော်ညွန့်စိုး၏ ဝက်မွေးမြူးရေးခြံတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင် းသိရသည်။
ထို့နောက် ဝက်မေထုန်မဲ့သားစပ်ခြင်းသင်တန်းကို စက်တင်ဘာလ(၂၅)ရက်နေ့မှ(၂၇)ရက်နေ့အထိ(၃)ရက်တာ သင်ကြားပို့ချပေးခြင်းဖြစ်ရာ သင်တန်းသို့မြို့နယ်အတွင်းရှိအခြေခံကျန်းမာရေးလုပ်သားသင်တန်သား(၂၀)ဦးတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
ဝင်းအိမွန်(ပြန်/ဆက်)