ကန်ကြီးထောင့် စက်တင်ဘာ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် ဝါးဒူးကျေးရွာအုပ်စု၊ ဝါးဒူးကျေးရွာတွင် ဝါးဒူး-အနောက်စုလမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်မှုအခြေအနေအား ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ကန်ကြီးထောင့်မြို့နယ်၊ ဝါးဒူးကျေးရွာရှိ ဝါးဒူး-အနောက်စုလမ်းသည် ကျေးရွာ(၁၁)ရွာ၊ အိမ်ခြေ (၅၆၄)အိမ်၊ လူဦးရေ (၂၅၀၆)ဦးအား အကျိုးပြုသောလမ်းဖြစ်ပြီး လမ်းအရှည် (၀မိုင် ၃ဖာလုံ၊ အကျယ် ၁၂ပေ၊ ၇လက်မထု)ရှိသည်။ အဆိုပါလမ်းအား ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် Emerald Delta ကုမ္ပဏီက တင်ဒါအောင်မြင်ကာရန်ပုံငွေ (၁၄၄.၇၅၀)သန်းဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ လုပ်ငန်းဆာင်ရွက်မှုအခြအနေကို ဧရာဝတီတိုင်းဒေသကြီး ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရးမှူး(မြို့ပြ) ဦးထွေးကိုကိုနှင့် ပုသိမ်ခရိုင် လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်သူမင်းတို့က ကွန်ကရစ်လမ်းအား ရေရှည်တည်တံ့စရန်အတွက် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ရာ အရည်အသွးပြည့်မီစွာဖြင့် လုပ်ငန်းအချိန်မီပြီးစေရေး အလေးထားဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)