မကွေး စက်တင်ဘာ၂၇
မကွေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက် (၁၀)နာရီအချိန်က မကွေးမြို့၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ စကားဝိုင်းဆွေးနွေးပွဲတွင် မကွေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်ဝင်းသိန်းက လူငယ်များသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လူသားအရင်းအမြစ်များဖြစ်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်လာစေရေန် လူငယ်များ၏ အင်အားဖြင့် တည်ဆောက်ကြရမည်ဖြစ်ပါကြောင်း၊ စကာဝိုင်းဆွေးနွေးပွဲများ ပြုလုပ်ခြင်းဖြင့် လူငယ်များ သည် လူအများရှေ့တွင် စကားပြောဆိုတတ်လာမည်ဖြစ်ကာ စုပေါင်းလုပ်ဆောင်တတ်သော အကျင့်များ ရရှိလာမည်ဖြစ်ပါကြောင်းနှင့် ဗဟုသုတအသိဉာဏ်ပညာများ ပိုမိုကြွယ်ဝလာ မည်ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ စကားဝိုင်းဆွေးနွေးပွဲအဖြစ် လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်စာဖတ် ခြင်း၏ အကျိုးကျေးဇူး၊ လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး၊ လူငယ်နှင့်ယဉ်ကျေးမှု၊ လူငယ်နှင့် နည်းပညာ အစရှိသည့် ခေါင်းစဉ်များဖြင့် ကျောင်းသား/သူများက တစ်ဦးချင်းအလိုက် ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသော ကျောင်းသား/သူများက မိမိတို့ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ စကားဝိုင်းဆွေးနွေးပွဲတွင် မကွေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တိုင်းဒေသကြီးအတွင်း လူငယ်ရေးရာကော်မတီ၏ လှုပ်ရှားဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များအား ပြသခဲ့ကြောင်း သိရသည်။
ကိုစည်သူ(မကွေး)