မြောင်းမြခရိုင် Community Centre တွင် ကမ္ဘာ့ဆရာများနေ့ကို ကြိုဆိုသည့် အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ဟောပြောပွဲကျင်းပ

မြောင်းမြ စက်တင်ဘာ ၂၇

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် မြောင်းမြမြို့၌ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနCommunity Centre တွင် အောက်တိုဘာလ ၅ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ဆရာများနေ့ကို ကြိုဆိုသည့်အနေဖြင့် စာစီစာကုံးပြိုင်ပွဲနှင့် ဟောပြောပွဲကို ယမန်နေ့နေ့လယ် ၁:၃၀ နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ကမ္ဘာ့ဆရာများနေ့ကို ကြိုဆိုသည့် စာစီစာကုံးပြိုင်ပွဲနှင့် ဟောပြောပွဲကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြောင်းမြမြို့ အ..က () ကျောင်းတို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး ဆရာ၏ဂုဏ်ကျေးဇူးအကြောင်းများကို ကြိုက်နှစ်သက်ရာ ခေါင်းစဥ်များဖြင့် ပါဝင်ယှဥ်ပြိုင်ကြကြောင်း သိရသည်။

စာစီစာကုံးပြိုင်ပွဲအပြီးတွင် ဟောပြောပွဲနှင့် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာထွန်းက မြတ်ဆရာကျေးဇူးနှင့် ပညာတန်ဖိုးခေါင်းစဉ်ဖြင့် ဟောပြောခဲ့သည်။ ထို့နောက် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ Grade 12 မှ နန့်အေးနန္ဒာလွင်က အနန္တဂုဏ်အင်ဆရာရှင် ခေါင်းစဉ်ဖြင့် ပထမဆု၊ Grade 10 မှ မောင်သန့်ဇော်စိုးက ဘဝလမ်းညွှန်ဆရာမွန်ခေါင်းစဉ်ဖြင့် ဒုတိယဆု၊ Grade 10 မှ မဆွိဒီဇင်ထက်က အနန္တဂုဏ်ရှင်မြတ်ဆရာသခင် ခေါင်းစဉ်နှင့် မောင်သက်လွင်ဦးက ဘယ်သူတုပြိုင်ယှဥ်နိုင်အံ့ ခေါင်းစဉ်တို့ဖြင့် တတိယဆုတို့ရရှိခဲ့​ပြီး ဆုရရှိသူများကို ဆုများချီးမြှင့်ခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်ဆက် (မြောင်းမြ)