ပခုက္ကူ စက်တင်ဘာ၂၇
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော အာမခံအလုပ်သမားတစ်ဦး၏ လုပ်ငန်းခွင်ပြင်ပ ထိခိုက်ဒဏ်ရာရသူအတွက် အကျိုးခံစားခွင့်ထုတ်ပေးခြင်းကို ယနေ့နံနက် ၁၁ နာရီခွဲအချိန်က မြို့နယ်လူမှုဖူလုံရေးရုံး၌ ကျင်းပသည်။
အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး၊ လူမှုဖူလုံရေးအဖွဲ့တာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြတ်မြတ်ဦးက ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေပါ အကျိုးခံစားခွင့်များထုတ်ပေးခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် မကွေးတိုင်းဒေသကြီး၊ လူမှုဖူလုံရေးအဖွဲ့တာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြတ်မြတ်ဦး၊ ပခုက္ကူမြို့နယ်လူမှုဖူလုံရေးရုံးတာဝန်ခံ ဒေါ်ယဉ်ယဉ်ထွေးနှင့်တာဝန်ရှိသူများက အာမခံအလုပ်သမား ဒေါ်မီမီထက် (Nong Hyup Microfinance-ရေစကြို)၏ လုပ်ငန်းခွင်ပြင်ပ ထိခိုက်ဒဏ်ရာ ရရှိမှုကြောင့် အမြဲတမ်းမသန်စွမ်းမှုအကျိုးခံစားခွင့် ငွေလုံးငွေရင်းကျပ် ၂၀၇၉၀၀၀၀/- (ကျပ်နှစ်ရာ့ခုနစ်သိန်းကိုးသောင်းတိတိ)အား ထုတ်ပေးကြရာ (Nong Hyup Microfinance-ရေစကြို)မှ တာဝန်ရှိသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်းသိရသည်။
ဘာမီသာ(ပခုက္ကူ)