တမူးမြို့နယ် ဟဲဇင်းကျေးရွာ ကျေးရွာတွင်းလမ်း ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

တမူး စက်တင်ဘာ ၂၇

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ် ဟဲဇင်း​ကျေးရွာရှိ ကျေးရွာတွင်းလမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်​ခြင်းလုပ်ငန်းအား စက်တင်ဘာလ ပထမအပတ်က ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ခြင်းကို တမူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ  ၂၀၂၃- ၂၀၂၄ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေ (၁၅) သန်းဖြင့် အလျား(၃၇၈)ပေ၊ အကျယ်(၁၂) ပေ၊ ထု(၆)လက်မအား အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းအားလုံး ပြီးစီးပြီဖြစ်ကြောင်း လုပ်ငန်းအားလုံး အချိန်မှီပြီးစီးရေးအတွက် တမူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးကြပ်မှုဖြင့် ကျေးရွာသူ/ ကျေးရွာသားများ ကိုယ်တိုင် ကိုယ်ထူကိုယ်ထစနစ်ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခုဆောင်ရွက်ပြီးစီးခဲ့သော ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ပြီးစီးပြီဖြစ်၍ ဒေသထွက်ကုန်ပစ္စည်းများကို စျေးကွက်များသို့အချိန်မှီ အဆင်ပြေစွာ ပို့ဆောင်ရောင်းချနိုင်မှာဖြစ်ပြီး ကျေးရွာနေ ပြည်သူများ၏ လူမှု့စီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအကျိုးပြုနိုင်မည်ဖြစ်ကြောင်း ကျေးရွာနေပြည်သူများထံမှ သိရသည်။

တမူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ကျေးလက်နေ ပြည်သူများ၏ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်စေရန်၊ ကျေးလက် အခြေခံအဆောက်အအုံများ ဖွံဖြိုးတိုးတက်စေရန်၊ ကျေးလက်နေ ပြည်သူများကိုယ်တိုင် ကျေးရွာ၏ ပကတိလိုအပ်ချက်များကို ဖော်ထုတ်ပြီး ဦးစားပေးအစီအစဥ်အလိုက် စီမံချက်များရေးဆွဲဖော်ထုတ်နိုင်စေရန်တို့ကို ရည်ရွယ်၍ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရတနာ