ဝါးခယ်မ စက်တင်ဘာ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ရေလိန်ကျေးရွာနှင့် အူကျွန်းကျေးရွာရှိ တောင်သူများကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများမှ တွေ့ဆုံ၍ စိုက်ပျိုးရေးဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဝါးခယ်မမြို့နယ် အူကျွန်းကျေးရွာ၊ ကျေးလက်ကျန်းမာရေးဌာနတွင် ရေလိန်ကျေးရွာနှင့် အူကျွန်းကျေးရွာရှိ တောင်သူများနှင့်တွေ့ဆုံ၍ နယူးဧရာစပ်မျိုးစပါး စိုက်ပျိုးဖြစ်ထွန်းအောင်မြင်မှု အခြေအနေများအား ဆွေးနွေးခြင်း၊ မိုးစပါးရိတ်သိမ်းချိန်နီး၍ နှံစုပ်ပိုးမကျစေရေးနှင့် ကာကွယ်ရမည့် နည်းလမ်းများ ဆွေးနွေးပြောကြားခြင်းနှင့် နွေစပါးဆက်လက်စိုက်ပျိုးရန် ကိစ္စရပ်များ၊ ပိုက်ဆံလျှော် မျိုးထုတ်စိုက်ပျိုးရန်ကိစ္စရပ်များအား ဆွေးနွေးပြောကြားခဲ့ပြီး ရေလိန်၊ အူကျွန်းကျေးရွာရှိ နယူးဧရာစပ် မျိုးစပါးစိုက်ပျိုးထားရှိမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးရာ ရိတ်သိမ်းချိန် နီးလာသဖြင့် သီးနှံဖျက်ပိုးမကျရောက်စေရန်နှင့် စပါးရိတ်သိမ်းချိန်တွင် မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြှင့်မားရေးကော်မတီထံ အသိပေးရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ဟိန်းထက်လင်း(ပြန်/ဆက်)